မည်သူကပိုမည်နည်း(အပိုင်း၈)

455 16 2
                                    

အချိန်ယန္တရားလည်ပတ်မှု​ကြောင်းရာသီတစ်ရွေ့ရွေ့ကူးပြောင်းပြီ။ယခုအချိန်သည် မူလတန်းအလယ်တန်းကျောင်းသူ/သားများ စာမေးပွဲဖြေဆိုနေချိန်အထက်တန်းကျောင်းသားများ စာကြိုးစားပမ်းစားကျက်နေကြချိန်ဖြစ်သည်။

မကြာမီစာမေးပွဲဖြေရတော့မည့်ဆံတိုလေးဟာအရင်ကထက်အချိန်ကြာမြင့်စွာစာသင်နေရသလိုကျက်စာများနှင့်လဲအားလပ်သည်မရှိ။စိုင်းမောင်ကိုယ်တိုင်လဲ ကျောင်းပြန်တတ်နေရသည့်အပြင် ဆံတိုလေးအတွက် စာတွေပြန်လေ့လာလိုက်မေးခွန်းထုတ်လိုက်နှင့်တော်တော်လေးလက်မလည်ဖြစ်နေတာပင်။ယနေ့စိုင်းမောင်စာကြည့်တိုက်တွင်ဆံတိုလေးအတွက် bioမေးခွန်းတွေထုတ်ပေးနေခြင်းပင်။

"စိုင်းမောင်လို့.....မပျင်းဘူးလားကွာ ငါဒီမှာနေရတာတအားကိုပျင်းနေပြီ"

"မင်းပျင်းရင်ပြန်လေအက္ခရာရာ တအားနားငြီးတာပဲ အဘိုးကြီးပါးစပ်ကျလို့"

"စိုင်းမင်းမောင် အခုမင်းစာလည်းမဖတ်ပဲနဲ့ အဲ့စာတွေမင်းအိမ်ရောက်မှလုပ်ကွာငါနဲ့လိုက်ခဲ့စမ်းပါလိူ့"

"အက္ခရာ ဒါဘယ်လောက်အရေးကြီးတယ်မှတ်နေလဲ အထက်တန်းစာကွ ငါကလေးအောင်မှအဆင်ပြေမယ်"

"မင်းမေကြီးဒေါ် ကစာတော်တယ်လေကွာ"

"အက္ခရာ!!!!"

"ဟေ့ကောင်စာကြည့်တိုက်မှာဆူညံမနေနဲ့နွားရဲ့"

"စိုင်းမောင်....."

စိုင်းမောင်တို့သူငယ်ချင်းနှစ်ယောက်စကားနိုင်လုနေစဉ်ကြားလိုက်ရသည့်လေပြေညှင်းလိုအသံလေး။ထိုအသံကြောင့်စိုင်းမောင် စိတ်ရှုပ်သွားရသည်။သူ....
မကြည်ပြာနှင့်မတွေ့မိအောင်ရှောင်နေတာကို။

"ဟို.....တို့စာအုပ်ဝယ်ချင်လို့အဲ့ဒါ...စိုင်းမောင်အဖော်လိုက်ခဲ့ပေးပါလား...ဟိုတို့သူငယ်ချင်းတွေကပြန်သွားလို့ပါ"

"မလိုက်တော့ပါဘူးဗျ ရွှန်းလေးစာမေးပွဲနီးတော့သူ့အတွက်မေးခွန်းနမူနာတွေပြင်နေလို့ပါ"

"ဪ....."

"လိုက်သွားလိုက်ပါစိုင်းမင်းမောင် ရာအားနာစရာကြီး"

မည်သူကပိုမည်နည်းWhere stories live. Discover now