မည်သူကပိုမည်နည်း(အပိုင်း၁၉)

316 12 2
                                    


ကျောင်းပြန်ဖွင့်သည်နှင့်အချစ်ငှက်နှစ်ကောင်ရဲ့အမြင်ကပ်ဖွယ်ရာတီတီတာတာတွေမြင်ရမယ်ဆိုတာခန့်မှန်းမိသားဆိုပေမဲ့ဒီလောက်ကြီးအထိလို့တော့အက္ခရာထင်မထားရိုးအမှန်ပါ။ကောင်မလေးဘက်မှအဖြေရသည့်နေ့က အိမ်ကိုအပြေးရောက်ချလာပြီး ငိုသံကြီးနဲ့ကြွားခဲ့တာကိုလည်းမှတ်မိပါသေးသည်။

အကယ်၍တီတီတာတာတွေလုပ်ခဲ့ပါလျှင် အသက်ငယ်တဲ့ရွှန်းနေခြည်က ချွဲနွဲ့မူပိုကာ စိုင်းမောင်အပေါ်အနည်းငယ်ဆိုးလိမ့်မည်ဟုထင်ထားခဲ့တာ ယခုမူတော့ မှန်းချက်နဲ့နှမ်းထွက်ကမကိုက်။သူငယ်ချင်းဖြစ်သူစိုင်းမင်းမောင်သည် သူ့ရဲ့ရှည်လျှားကာ၆ပေကျော်သောအရပ်ကြီးကိုခွေခေါက်လျှက် ရွှန်းနေခြည်ရဲ့ပုခုံးစွန်းပေါ်မှီနွဲ့ထားကာ နှုတ်မှလည်းတစ်ဖွဖွနှင့်ဘာတွေပြောနေသလဲမသိ။ဒါကိုတစ်ယောက်ကလည်းမငြီးမငြူပင် ပြုံး၍နားထောင်ပေးနေကာ သူ့ကိုမှီထားတဲ့စိုင်းမောင်ကိုပြုံးပြုံးကြီးငဲ့ကြည့်လိုက်မုန့်စားလိုက်နဲ့ဟုတ်နေတာပင်ဖြစ်သည်။

အက္ခရာ ရှေ့တည့်တည့်ကမျက်စိစပါးမွှေးစူးစရာအတွဲကိုအကြည့်လွှဲ ပြီးမှာထားတဲ့အစားအသောက်များကိုစားဖို့ပြင်တုန်းသူ့ညာဘက်ပုခုံးပေါ်ရောက်လာတဲ့လေးလံတဲ့ခေါင်းကြီးကြောင့် လန့်တောင်လန့်သွားရသေးသည်။

"နိုင်!!!!မင်းခေါင်းကြီးဖယ်စမ်းကွာ"

"ကိုကိုကလဲ....ကျွန်တော်လဲမှီချင်လို့ဟာကို"

နိုင်ကပြောလဲပြောရင်း စိုင်းမင်းမောင်တို့အတွဲကိုပါ မျက်စပစ်ပြလိုက်သေးသည်။

"မမှီနဲ့ဟေ့ကောင်....မှီချင်ရင်တစ်ခြားလူပြောင်းမှီသွား"

"ဟာ....ကိုကိုကနည်းနည်းလေးမှ romantic မဆန်ဘူး
ဗျာ ကျွန်တော်လဲသူများအတွဲလေးတွေလိုချစ်ကြည်နူးတစ်တီတူးချင်တယ်လေလို့ အကိုစိုင်းကိုတောင်တအားတွေအားကျသွားပြီ.....ကိုယ့်ထက်ငယ်တဲ့ကလေးကိုရထားတာတောင်ချွဲလို့ရတယ်"

"အေး....အဲ့ဒါဆိုမင်းရွှန်းနေခြည်ကိုသွားကြိုက်လိုက်"

"ဟာမကြိုက်ချင်ပါဘူး"

မည်သူကပိုမည်နည်းWhere stories live. Discover now