အပြန်တွင်စိုင်းမောင်အက္ခရာကားနှင့်လိုက်ပါလာရ၍ စိုင်းမောင်ကားကိုတော့ သာလွန်းနိုင်ကမောင်လာသည်။တစ်လမ်းလုံးငြိမ်သတ်နေကာဘေးပတ်ဝန်းကျင်ကိုအကြောင်းမဲ့ငေးနေမိ၏။ကံကြမ္မာအပြောင်းအလဲကမြန်လိုက်တာ မနေ့ကမနက်ပိုင်းကတင် သူနဲ့ရွှန်းလေး နောက်ရက်ဘယ်သွားမည် ဘာလုပ်မည်တိုင်ပင်နေကြသေးသည်။တစ်ဦးကိုတစ်ဦးချစ်စနိုးလေးကျီစယ်နေကြသေးသည်။အခုတော့နေ့ချင်းညချင်းစိုင်းမောင်ဟာကလေးငယ်လေးနှင့်ဝေးရတော့မည်။
အိမ်ရှေ့စင်ဝင်အောက်တွင်ကားရပ်လိုက်သည်နှင့် အိမ်ထဲကအမေ့အသံကိုဦးစွာကြားလိုက်ရသည်။
"ခွေးကောင်လေး ညဘက်အိမ်ပြန်မအိပ်ရင်ဖုန်းဆက်ပါဆိုတာကို အခုတော့အကုန်လုံးစိတ်ပူနေရတာ.....အမေငယ်လေးကိုလှမ်းအကြောင်းကြားလိုက်ဦးမယ်"
"အမေ့!!!!"
စိုင်းမောင်အော်သံကျယ်ကျယ်ကြောင့် ဖုန်းscreenမှာပြေးလွှားနေတဲ့အမေ့လက်ချောင်းတွေရပ်တန့်သွားတယ် အိမ်ထဲတစ်ရွေ့ရွေ့ဝင်လာတဲ့စိုင်းမောင်ကိုကြည့်ရင်းအမေကရှေ့ကိုခပ်ဖြည်းဖြည်းတိုးလာတယ်။
သေချာဝေ့ကြည့်မှာဧည့်ခန်းမှာ အဖေရော အက္ခရာရဲ့မိဘတွေရောရောက်နေပါလား။"အမေ့သားဒဏ်ရာတွေကဘာဖြစ်လာတာလဲ"
စိုင်းမောင်မဖြေပဲခေါင်းရမ်းပြသည်။နောက် ကလူပုစိတ်တိုလေးကခပ်စွာစွာဖြင့်
"သားထိုးလိုက်တာအမေ"
"ဟယ်....သာကြီးရယ် ညီကိုနှစ်ယောက်ဘာလို့ရန်ဖြစ်ရတာလဲ သားကြီးမျက်နှာမှာလဲ အရိုက်ခံထားရတာလား...... "
"သားကိုမိန်းမတစ်ယောက်ကရိုက်လိုက်တာ....အဆင့်အတန်းမရှိတဲ့မိန်းမတစ်ယောက်က"
အက္ခရာအသံမှာဒေါသတွေပြည့်နေ၏။ငွေဂုဏ်ပညာဂုဏ်မောက်တဲ့အက္ခရာဟာ အဆိုမယ်တစ်ယောက်ထံမှအရိုက်ခံလာရလို့ခံပြင်းနေပုံရသည်။
"ဘာတွေဖြစ်ကြတာလဲကွယ်အမေ့ကိုရှင်းပြပါဦး မမထား ကလေးတွေကိုဆေးထည့်ပေးအောင်ဆေးဘူးဘယ်မလဲ သားမောင်ကိုကြည့်ပါဦး လက်ချောင်းတွေမှာလဲဒဏ်ရာတွေနဲ့"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???