ကျွန်မဘဝတွင်အကြီးမားဆုံးအမှားသည် ကျွန်မ၏အမျိုးသား သမီးငယ်လေး၏ဖေဖေကို
နင့်နင့်သည်းသည်းချစ်မိခဲ့ခြင်းပင်ဖြစ်လိမ့်မည်။
ချစ်ခြင်းတို့ဖြင့်နှောင်ဖွဲ့ကာဖြစ်တည်လာသောအိမ်ထောင်ရေးမဟုတ်ပေမဲ့ မောင်ဟာကျွန်မအတွက်ယောကျာ်းကောင်း သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ပင်ဖြစ်သည်။အိမ်ထောင်သက်ကြာမှသံယောစဉ်တွယ်မိသော 'မောင်'ဟူသည့်အမျိုးသားကိုကျွန်မသိပ်မြတ်နိုးပါသည်။သို့သော်.....မောင့်အချစ်တို့သည်ကားကျွန်မထံတွင်ရှိမနေပါခြေ။မိုးတို့သည်းထန်စွာရွာသွန်းသောညတွင် လျှပ်စီးတစ်ဝင်ဝင်းမိုးတစ်ခြိမ်းခြိမ်းကြောင့်၇နှစ်အရွယ်သမီးလေးသည် ငိုယိုကာ ခေါင်းအုံးလေးပိုက်ရင်းကျွန်မတို့အိပ်ခန်းသို့ဝင်လာသည်။သမီးငယ်လေးငိုသံကြောင့်ကျွန်မတုံလှုပ်စွာနိုးလာတော့ဘေးမှာအိပ်နေသည့်မောင်သည်လဲ အိပ်မှုန်စုံမွှားဖြင့်ထထိုင်သည်။
"သမီးရွှန်းလေး ဘာဖြစ်လို့လဲသမီး"
"ရွှန်း ကြောက်တယ် မေမေ...."
သမီးကရှိုက်ရင်းပြောလာသည်မို့ အနားမှရေတစ်ခွက်ငှဲ့တိုက်ကာ သမီးကိုရင်ခွင်ထဲသို့ထည့်ရင်းထွေးပွေ့လိုက်သည်။
"မငိုနဲ့တော့အိပ်တော့နော်သမီးလေး မေမေတို့ဘေးမှာအိပ်လာ"
ကျွန်မသမီးကိုချော့ရင်း မောင်နှင့်ကျွန်မကြားကနေရာတွင်သမီးကိုလှဲအိပ်စေလိုက်သည်။ထိုတော့မှ မောင်ကသမီးဆံပင်တိုတိုလေးတွေကိုသပ်ပေးရင်း မိုးခြိမ်းတာနဲ့လျှပ်စီးလက်တာဟာသဘာဝဖြစ်ရပ်ပင်ဖြစ်ကြောင်း ကြောက်ရွံံ့စရာမဟုတ်ကြောင်း ကြောက်ရွံံ့ရန်မလိူအပ်ကြောင်း ပြောပြသည်။မောင့်ပုံစံဟာ သမီးကိုမကြောက်အောင်ချော့ပြောသည့်ပုံမဟုတ်ပါ သမီးကိုဘာမှမကြောက်ဖို့အမိန့်ပေးနေပုံနှင့်တူသည်။မောင်သည်၇နှစ်အရွယ်သမီးကိုမည်သို့မည်ပုံ ပုံသွင်းချင်နေပါသနည်း။
မောင်ကစည်းကမ်းတင်းကျပ်သည်။အထူးသဖြင့်သမီးအပေါ်တွင်ပို၍တင်းကျပ်သည်။ သမီးမိန်းကလေးမွေးထားသော်လည်းမောင့်ကြောင့် သားတစ်ယောက်ကိုပြုစုရသည့်နှယ်ပြုစုနေရသည်။ဆံပင်တိုတို အသားဝင်းဝင်းနှင့်သမီးလေးသည် အခြားကလေးမများလို ဂါဝန်လှလှလေးဝတ်ဆင်ခွင့်မရှိပါ မောင့်အမိန့်ကြောင့် ကောင်လေးဝတ် T shirtတွေ Sport shirtတွေနှင့် ဂျင်းဘောင်းဘီအတိုအရှည်တွေသာဝတ်ဆင်ခွင့်ရသည်။မသိသည့်သူများသာသမီးကိုတွေ့လျှင် ယောကျာ်းလေးလားဟုပင်ထင်မှတ်လိမ့်မည်။မောင်ဟာထိုကဲ့သိူ့သောလူထူးဆန်းပင်ဖြစ်သည်။
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???