Your my sunshine my only sunshine...."
"........"
"You make me happy when sky are...."
"အကို့!!!!!သူများစာဖတ်နေတာကို....ဘာလို့အော်နေတာလဲလို့"
"ရွှန်း....သူများသီချင်းဆိုနေတာကိုဘာလို့အော်နေတာလဲလို့"
"ဟာ....အကိုနော်"
"ဟာ....ရွှန်းနော်"
"အကိုလို့"
"ရွှန်းရွှန်းလို့"
စိုင်းမောင် ရွှန်းနေခြည်ပြောသည့်လေသံအတိုင်းလိုက်ပြောနေတာမို့ ကလေးမလေးနှုတ်ခမ်းကခပ်ဆူဆူဖြစ်လာလေပြီ။စိုင်းမောင် စချင်သေးတာကြောင့် ရွှန်းနေခြည်ပေါင်ပေါ်မှ မထသေးပဲ အပေါ်ကိုရှုတည်တည်မော့ကြည့်နေလိုက်သည်။
"လူယုတ်မာ"
"လူဆိုးမ"
"ဟာ....အကိုနော်"
"ဟာ....ရွှန်းနော်"
"ကိုကိုလို့"
"ရွှန်းလေးလို့"
စိုင်းမောင်၏ပြုံးစစမျက်နှာကြီးကိုငုံ့ကြည့်ရင်းရွှန်းနေခြည်အူတွေအသည်းတွေယားလာပြီဖြစ်သည်။ မျက်နှာကိုကုတ်ခြစ်ပစ်ချင်စိတ်တွေတစ်ဖွားဖွား။ဒီလူသတ်သတ်ယုတ်မာနေတာ သူ့ကိုဂရုမစိုက်ပဲစာဖတ်နေလို့ညစ်ပတ်နေတာ။
"မောင်....လို့"
"ဟမ်!!!!!ဟမ်....ဗျာ~~"
စိုင်းမောင်လေသံအနည်းငယ်ပင်တုန်သွားသည်။ထင်မထားသည့်လေသံနှင့် ထင်မထားသည့်နာမ်စားကိုခေါ်လာသည်မို့ ရင်ထဲမှာတစ်ဒိန်းဒိန်း။ချစ်သူသက်တမ်း၁နှစ်ကျော်အတွင်း အကိုဆိုတဲ့နာမ်စားကိုသာဆွဲဆွဲ မြဲမြဲခေါ်သူသည် တစ်ခါတစ်ရံတော့ကိုကိုဟုခေါ်တတ်သည်။ မောင်....ဆိုတဲ့နာမ်စားကတော့၁နှစ်ကျော်အတွင်း၁၀ကြိမ်တောင်ပြည့်အောင်မခေါ်ဖူးပါ။ထိုနာမ်စားကိုအခေါ်ခံရတိုင်းစိုင်းမောင်ရင်ထဲပန်းတွေပွင့်လန်းလာသလိုလို...လန်းဆန်းသွားစေသည်။
"အူယားအောင်လုပ်နေတာနော်....ကိုယ့်အန္တရာယ်ကိုယ်ရှာတာ....အကိုမင်းကိုအလွတ်ပေးပေါင်းမနည်းတော့ဘူး...စိတ်မထိမ်းနိုင်တဲ့နေ့တော့ ဒီကလေးလေးကိုအစိမ်းလိုက်ဝါးပစ်မှာ"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???