မည်သူကပိုမည်နည်း(အပိုင်း၂၉)

436 15 8
                                    

ဆောင်းရာသီသည် သူ၏တာဝန်များကို နွေဦးထံလွှဲပြောင်းကာ ရွက်ဝါများနှင့်အတူ ကမ္ဘာမြေကြီးအား အေးချမ်းတိတ်ဆိတ်စွာ နှုတ်ဆက်ခဲ့လေပြီ။ နွေဦးရာသီ၏သင်္ကေတအဖြစ် ကံံ့ကော်ပန်းတွေလှိုင်လှိုင်ပွင့်လန်းလာသည်။ တန်ခူးလ ဆိုသည်နှင့်အပူချိန်တိုးလာတာတော့သိသိသာသာပါ။သို့သော်လူငယ်တွေကတော့မြူးကြွနေလေပြီ။

မမြူးကြွနိုင်သူက စိုင်းမင်းမောင် နှင့် သူ့နှလုံးသားရဲ့အရှင်သခင်မ။ နှစ်တွေကြာရှည်စွာ အထီးကျန်ဆန်ဆန်ဖြတ်သန်းလာခဲ့ရတဲ့ကလေးက သူ့အိမ်ကမိသားစုဝင်တွေကိုသိပ်ခင်တွယ်ခဲ့သည်။driverအကိုကြီး ဦးလေးငွေ နောက် အိမ်အကူအစ်မနှစ်ယောက် နောက်ပြီးသူဖွားဖွားလို့အမြဲခေါ်တဲ့ကြီးမေ။ကြီးမေကိုသူအချစ်ဆုံးဖြစ်လိမ့်မည်။မိခင်နှင့်မကြီးပြင်းခဲ့ရတဲ့ကလေးဟာ ကြီးမေလက်ထဲမှာပဲ နို့ဘူးစို့ရင်းကြီးပြင်းလာသည်။အရွယ်ရောက်သည်အထိ မနက်စာနေ့လည်စာညစာ ဂရုတစ်စိုက်ကျွေးမွေးပေးသည်။ ဆံပင်တွေစည်းနှောင်ပေးသည်။ အလိုလိုက်အကြိုက်ဆောင်သည် ချစ်စနိုးလေးနှင့်အမြတ်တနိုးတန်ဖိုးထားသည်လေ။ကြီးမေဟာသူ့အတွက်အမေဆိုလဲဟုတ်သလို အဖွားဆိုလဲဟုတ်တယ် အထိမ်းတော်ကြီးဆိုလဲမမှားဘူး။

"အင့်!!!!"

ခုတင်ပေါ်မှာလဲလျောင်းအိပ်စက်နေတဲ့ကောင်မလေးထံမှ အင့်ကနဲရှိုက်သံ သေးသေးလေးကြောင့် ခုတင်ဘေးကခုံလေးမှာထိုင်နေတဲ့စိုင်းမောင်က လက်ဖဝါးလေးကိုအသာအယာလေးစုပ်ထွေးရင်း ရင်ဘက်ကို
ခပ်ဖွဖွပုတ်ပေးတော့ပြန်လည်ငြိမ်ကျသွားသည်။

မျက်ရည်စတွေချွေးတွေနဲ့စိုကပ်နေတဲ့မျက်နှာလှလှလေးကိုကြည့်ရင်းစိုင်းမောင်ရင်ထဲစို့နင့်လာသည်။"ရောဂါသည်ကြီးလိုမဆက်ဆံပါနဲ့....ရွှန်းကပုံမှန်ဆေးသောက်ပေးရင်တစ်ခြားလူတွေလိုသက်တန်းစေ့အသက်ရှင်နိုင်တဲ့လူမျိုးပါ....စိုးရိမ်ရတဲ့ရောဂါမဟုတ်ဘူး"ဟုခဏခဏဖြောင်းဖျဖူးသူသည် ယခု နှလုံးအောင့်၍အသက်ရှုကြပ်ကာသတိလစ်နေသည်တဲ့လေ။အိပ်နေရင်းတောင်တစ်ရှိုက်ရှိုက်ငိုနေသောကလေးလေးနိုးလာရင်မည်မျှထပ်ငိုဦးမည်နည်း

မည်သူကပိုမည်နည်းWhere stories live. Discover now