မည်သူကပိုမည်နည်း(အပိုင်း၁၀)

362 11 4
                                    

နွေရာသီရဲ့ပူလောင်မှုကိုအံတုဖို့ရာ စိုင်းမင်းမောင်ရောဆံတိုလေးရော ပန်းကာလေတစ်ဝီဝီအောက်မှာစာသင်နေရသည်။ ပူလောင်လွန်းလှတဲ့နွေကြောင့် ဘေမှာအအေးတစ်ခွက်စီနှင့် ဆံတို့လေးက ဂတ်စ် ပါတဲ့အချိုရည်မကြိုက်တာကြောင့် အိမ်အကူတွေက သဘာဝသစ်သီးတွေကိုထိုးချေပြီးရေခဲတုံးနှင့်နို့ဆီသကြားတွေထည့်ကာသောက်ကောင်းအောင်ဖျော်လာပေးသည်။

"နွေရာသီကိုမုန်းလိုက်တာ"

"ကျောင်းပိတ်တာကိုဘာလို့မုန်းတာလဲ"

စိုင်းမောင်အမေးကြောင့်ဆံတိုလေးနှုတ်ခမ်းဆူကာမကျေနပ်သလိုကြည့်လာသည်။

"ဒီလောက်ပူလောင်အိုက်ပြုတ်နေတဲ့ရာသီကိုဘယ်လိုလုပ်ပြီးကြိုက်ပါ့မလဲ.....ကြည့်ဦးပန်ကာဖွင့်ထားတောင်နေစရာနေရာမရှိဘူး "

ဆံတိုလေးကပြောရင်းဆိုရင်းသူ့ အအေးခွက်ကိုယူကာတစ်ချိုက်တည်းမော့သောက်ချလိုက်သည်။ အင်္ကျီပွပွကြီးနှင့် ဒူးအထက်၂လက်မလောက်ပေါ်
သည့်ဘောင်းဘီတိုလေးဝတ်ထားတဲ့ဆံတိုလေးက သူများအမြင်ဘယ်လိုနေမလဲမသိပေမဲ့ စိုင်းမောင်အမြင်မှာတော့ထုံးစံအတိုင်းချစ်စရာလေးပါပဲ။

"အငယ်လေး......မမဝင်ခဲ့မယ်"

အပြင်ကအသံပြုပြီးသည်နှင့်ချက်ချင်းအခန်းထဲရောက်လာသောမကြည်ပြာသည်စိုင်းမောင်ကိုမြင်တော့ရွှင်ပြစွာပြုံးပြလာသည်။

"ပေါင်မုန့်နို့စမ်းလာပို့တာ.....ကိုစိုင်းမောင်ဖို့ရော"

"အော.....ကျေးဇူးပါဗျ"

"နောက်နှစ် second years ဆိုတော့စီနီယာဘဝရောက်သွားပြီပေါ့နော် အချိန်ကုန်တာမြန်လိုက်တာ"

"ဟုတ်ပါ့.... "

"ကိုစိုင်းမောင်နောက်နှစ်လဲECလုပ်မှာလား"

"ECကဘာလဲဆရာ"

"မော်နီတာ"

"ဪ....."

စိုင်းမောင်ဆံတိုလေးနားလည်ရုံခပ်တိုတိုပဲရှင်းပြလိုက်သည်။ ပေါင်မုန့်နို့စမ်းကိုဇွန်းနဲဖဲ့ကာဖဲ့ကာစားနေသောကလေးမလေးက ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာသူ့မုန့်သူပြန်စားနေသည်။ ဒီကလေးမပေါင်မုန့်ဘေးသားတွေဖယ်စားဖို့တော့မမေ့ပါ။

မည်သူကပိုမည်နည်းWhere stories live. Discover now