'မာန်'ဟုအမည်ရှိသောhotelတွင် အခန်းယူကာ နှစ်ဦးသားအဝတ်တွေနေရာချသည်။ အတော်လေးညနက်နေပြီမို့ ကောင်မလေးကတော့ခြေလက်ဆေးကာအိပ်ဖို့ပြင်နေပြီ။
"အဖေကဘာတဲ့လဲ"
"ပြန်လာရင်တုတ်ကောက်ခဲ့တဲ့ လူကြီးကိုစိတ်ပူအောင်လုပ်တယ်တဲ့"
"ပြောလိုက်ပါ့လား ကိုကိုက ကားတင်ပြေးသွားတာလို့"
"တော်ပါ....အခုအကို့ကြောင့်အဆူခံရပြီ"
"အဲ့တော့ အလျော်ပြန်ပေးတဲ့အနေနဲ့ ကိုကိုချော့သိပ်မယ်လာ"
စိုင်းမောင်စကားဆုံးသည်နှင့်ကလေးမလေးကသူ့ရင်ခွင်ထဲဝင်လာသည်။ဘယ်လက်မောင်းပေါ်ကျကျနနခေါင်းအုံးပြီးသည်နှင့် ရင်ဘက်ကိုလက်ချောင်းရှည်ရှည်ကလေးများနှင့်တို့ထိကာ
"ချော့သိပ်တော့လေ"
"သီချင်းဆိုပြရမလား"
"no!!!စာဖတ်ပြ"
"ဘယ်စာအုပ်လဲ ကိုကိုတော်တော်များများယူလာတယ်"
"ရွှန်းလွယ်အိတ်ထဲမှာပါတယ် အသေးဆုံးစာအုပ်လေး"
ကလေးမလေးပြောသည့်အတိုင်းလွယ်အျတ်ထဲကအသေးဆုံးစာအုပ်ကလေးရွေးယူသည်။ထို့နောက် မျက်မှန်တပ်ကာအသံနေအသံထားမှန်မှန်ဖြင့် ကလေးမလေးသေချာကြားဖို့ဖတ်ပြရသည်။
"အိပ်မက်ကလေးလှပခဲ့တဲ့အတွက်မောင့်ကိုကျွန်မ အမြဲကျေးဇူးတင်နေတော့မှာပါမောင်....... ရွှန်း ဒါကြီးကဖတ်ပြီးသားကြီးမလား"
"အင်း....ဒါပေမဲ့သဘောကျလို့လေ စကားမများနဲ့ကွာဖတ်ပြ"
"အဆင်မပြေလောက်ဘူးလေရွှန်းရယ်.....မိန်းကလေးနေရာကခံစားပြီးရေးထားတာကို အကိုကဖတ်ပြရမယ်လို့"
"ဟာမသိဘူး ဖတ်ပြပါဆို အကို့အသံကနားထောင်လို့ကောင်းတယ်"
"ကဲ....သဘောဗျာ သဘော"
စာအုပ်ကလေးကသိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးအကြောင်းပါ။ခုနှစ်နှစ်တိုင်တိုင်ချစ်ခင်လာကြပြီးနောက်မှာ ကောင်လေးရဲ့ရွေးချယ်မှုတစ်ခုကြောင့်ဝေးကွာသွားခဲ့ကြပြီးနောက် ကောင်မလေးကအချိန်တွေကြာသွားထိတိုင်မမေ့နိုင်ပဲအမှတ်တရရှိနေခဲ့တဲ့ဇာတ်လမ်းလေးပေါ့။ဆရာမဂျူးရေးသားထားတာဖြစ်ပြီးအတော်လေးကိုမှနမည်ကြီးတဲ့စာအုပ်ပါ။ဝမ်းနည်းစရာဇာတ်သိမ်းတွေဖတ်ရတာကြိုက်တဲ့ကလေးကဒီတစ်ကြိမ်ဖတ်သည့်စာအုပ်လဲကြေကွဲဝမ်းနည်းစရာပါပဲ။တိုက်ဆိုင်မှုတွေရှိနေတော့ပိုလို့ဝမ်းနည်းရပါတယ်။
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???