မည်သူကပိုမည်နည်း(အပိုင်း၃၂)

394 22 4
                                    

ငါပြန်တော့မယ်......နိုင်နေမကောင်းဘူး"

"နေပါဦးအက္ခရာ ရယ် တွေ့ကတွေ့ခဲကိုကွာ"

ကိုဇော်ကြီး၏ ဟန့်တားသံကိုအက္ခရာခေါင်းရမ်းသည်။

"မပြန်လို့မရဘူးကိုဇော် ဒီမယ်ကြည့်"

အက္ခရာထောင်ပြတဲ့ဖုန်းscreenကိုကြည့်တော့
Home💙 ဆိုတဲ့ contact nameလေးကအကြိမ်ရေတော်တော်များများဖုန်းခေါ်ထားသည်။ ဒီကောင်အက္ခရာမှာလဲ လူချင်းတွေ့ရင်သာ မျက်နှာထီမျက်နှာထားနှင့် မမြင်ကွယ်ရာမှာရှိပါလျှင်သဲကဲလွန်းသည်။

"ကဲပါကွာ ဒါဆိုလဲ ပြန်ပေါ့"

"လာလေ ဘာကြည့်နေတာလဲ ပြန်မယ်"

အက္ခရာကစိုင်းမောင်ကိုပါအပါခေါ်သည်။ စိုင်းမောင်လဲစိတ်ထဲလေးလံနေတာမို့လိုက်သွားဖို့ပြင်ပေမဲ့သူငယ်ချင်းတစ်သိုက်ကဆွဲထားသည်။

"အက္ခရာ မင်းညီကိုစိတ်မချရင်ငါတို့အိမ်အထိပြန်ပို့ပေးလိုက်မယ် တစ်ခါတည်းတော့ခေါ်မသွားနဲ့ဟုတ်ပလား တစ်ကယ်ပဲ ကလေးအမေကြီးကျလို့"

ဟုတ်လဲဟုတ်သည်။အက္ခရာမှာစိုင်းမောင်နှင့်အတူလာသည့်ခရီးဆိုလျှင်ဘယ်သွားသွားအတူပါလာတတ်သည်။ဒါဟာအကျင့်ဖြစ်နေတာဆိုလဲမှန်သည်။ အက္ခရာမှမဟုတ် သူကိုယ်တိုင်လဲ အက္ခရာရှိမည်ဟုကျိန်းသေသိထားသောနေရာတွင်အက္ခရာမရှိလျှင်ရှာသည်။ အက္ခရာနောက်လိုက်ရသည်။သူငယ်ချင်းတွေကြားတွင်စိုင်းမောင်နှင့်အက္ခရာဟာညီအစ်ကိုအရင်းထက်ပင်သွေးစည်းကြသည်။ တစ်ခါတစ်လေ စိုင်းမောင်ကအသက်ငယ်ပါသည်ဟုပြောလျှင်" ဒီရုပ်တည်ကြီးက ဒီဂျပုကောင်ရဲ့ညီပေါ့ ဟုတ်လား"ဟုပြန်မေးကာစနောက်တတ်ကြသည်။

"ကဲပါကွာ စိုင်းမောင်ကတော့နေပါဦး ဘာလဲမင်းကိုမင်းကောင်မလေး ခေါ်နေပြီလား"

ကိုဇော်ကြီးပြောတော့စိုင်းမောင်ဖုန်းကိုထုတ်ကြည့်သည်။my sunshineအမည်ရှိတဲ့ဖုန်းနံပါတ်ကလေးကတစ်ကြိမ်တောင်ခေါ်မထားပါ။တစ်ခါတစ်ရံရွှန်းနေခြည်ကနေနိုင်လွန်းသည်။နေနိုင်သည်ဆိုတာထက်အလိုက်သိလွန်းသည်လို့ပြောရမလား။ ပြန်လာမယ်လို့ပြောခဲ့တဲ့အချိန်ထက်နောက်ကျလျှင်ဖုန်းတစ်ကြိမ်ခေါ်သည် မရလျှင်ဆက်မခေါ်တော့ပါ။ထိုမျှထိစည်းရှိသူမို့တစ်ခါတစ်ရံတော့အူတစ်ယားယားဖြစ်ရသည်မှာအမှန်ပင်။

မည်သူကပိုမည်နည်းWhere stories live. Discover now