မည်သူကပိုမည်နည်း (အပိုင်း၁၇)

316 12 2
                                    

"လာအထဲဝင်"

"ဟမ်!!!မဝင်ပါဘူး....သားကဆေးလိမ်းပေးမလို့ဟာကို"

"အင်းလေ အကိုကလဲဆေးလိမ်းပေးခိုင်းမလို့ခေါ်လာတာကို"

"ဆေးက ကားထဲဝင်ပြီးလိမ်းမှရမှာလား"

"အစမ်းဝင်ကြည့်လေ"

စိုင်းမောင်စကားကြောင့်ဆံတိုလေးကနှာခေါင်းရှုံ့ကာမျက်ဆောင်းထိုးသည်။ ချစ်စရာကလေးမလေးက မျက်ဆောင်းထိုးတာတောင်ချစ်ဖို့ကောင်းသည်။

"အကို့ဒဏ်ရာတွေထဲမှာအဲ့နေရာကအနာဆုံးပဲ လိမ်းမပေးချင်ဘူးလားဟင်!!!!ဟင်လို့!"

"ဘယ်နားလဲ ပြ"

"ကားထဲဝင်ပါဆို"

စိုင်းမောင်ပြောလိုက်တော့ ခြေဆောင့်ကာ ကားထဲဝင်သွားတဲ့ကောင်မလေး။ဟော ဒီလိုကျလဲ ချစ်ဖို့ကောင်းပြန်ရော။

"ဘယ်မလဲဒဏ်ရာက"

"ဒီမှာ"

စိုင်းမောင် ဝဲဘက်ရင်အုံကိုလက်ညှိုးထိုးပြတော့ကလေးမက မျက်လုံးလှန်ကြည့်သည်။စိုင်းမောင်သဘောတကျရယ်မိသွားသည်။သူ့ကလေးမလေးကသူ့ကိုနောက်နေတယ်ထင်ပုံပါပဲ။

"လာနောက်နေတာလား"

"မနောက်ရပါဘူးကွာ......ဒီမှာမယုံရင်ကြည့် အကိုအင်္ကျီချွတ်ပြမယ်"

"ဟာ.....မလိုပါဘူး မချွတ်နဲ့"

"ဟော....မချွတ်ရင်ဆေးဘယ်လိုလိမ်းပေးမလဲလို့ ဒဏ်ရာကရင်ဘက်မှာလေရွန်းရာ"

" ဟို....သားပြောတာကအကုန်မချွတ်နဲ့ ဒဏ်ရာပေါ်ရုံပဲကြယ်သီးတွေဖြုတ်လိုက်လို့"

"အဟွန်း!!!ဟုတ်ပါပြီ.....ရွှန်းလေးသိလား...ရွှန်းလေးက ကံကောင်းချင်ရက်နဲ့မကောင်းဘူး..... မိန်းကလေးတွေတော်တော်များများမြင်ဖူးချင်တဲ့အကို့ရဲ့ six packကိုမြင်ခွင့်ရပါလျှက် မမြင်ရအောင်ကိုယ်တိုင်လုပ်လိုက်တာပဲ"

ပြောရုံပဲပြောရသေး ခြေသွက်လက်သွက်ကလေးက စိုင်းမောင်ခြေထောက်ကိုအင့်ကနဲစောင့်နင်းလိုက်သည်။စိုင်းမောင်အနည်းငယ်နာသွားပေမဲ့ မျက်နှာမဲ့သွားရမဲ့အစားသဘောတကျတဟားဟားသာအော်ရယ်နေမိသည်။အက္ခရာပြောသလိုစိုင်းမောင်ရူးနေပြီထင်ရဲ့။

မည်သူကပိုမည်နည်းWhere stories live. Discover now