"သဝန်တိုတယ်လို့ပြောတာကိုနားလည်ရဲ့လား သဝန်တိုနေရတဲ့ခံစားချက်ကိုသိရဲ့လားရွှန်းနေခြည် ဟမ်!!!"
"အကိုရွှန်းကိုသဝန်တိုတာ ရွှန်းနားလည်တယ် ဒါပေမဲ့ သူနဲ့ ရွှန်းကသူငယ်ချင်းပဲလေ နောက်ပြီး မိန်းကလေးအချင်းချင်းပဲ ဒါကိုအကိုက ဘာတွေစိတ်ပူနေတာလဲ!!!"
"ဟ!!!!!မင်းတို့နေပုံမဟုတ်လို့ပေါ့.....ဒီလောက်နီးကပ်နေဖို့မလိုဘူးရွှန်းနေခြည်......အဲ့ကလေးမ မင်းကို ဘယ်လိုအတွေးမျိုးနဲ့ကပ်နေသလဲမင်းမသိဘူးလား!!"
"ကျစ်!!!!အရေးမပါတာတွေ"
"အရေးမပါတာတွေ????အေး.....မင်းအတွက်တော့ဘယ်အရေးပါပါ့မယ် မင်းအတွေးထဲမှာငါကဘာမှစောက်ရေးမပါတဲ့လူဖြစ်နေမှာပေါ့......ဒါပေမဲ့မင်းကတော့ငါ့အတွက်အရေးကြီးတယ် မင်းနဲ့ပက်သက်ရင်အတိမ်းအစောင်းကိုမခံနိုင်ဘူး အဲ့ဒါနားလည်လား!!!!ဟမ်!!!နားလည်ရဲ့လားလို့"
"အကို့!!!!!စကားကိုဘယ်လိုပြောနေတာလဲ....ရွှန်းအကို့ကိုချစ်တာ လူတိုင်းသိတယ်......အကို့လိုစကားလှလှတွေနဲ့မပြောပြတတ်ရင်တောင် အပြုအမူတွေကနေတစ်ဆင့် ရွှန်းအကို့ကိုဘယ်လောက်ချစ်ကြောင်းသိသာနေတာပဲ.....ဘာကိုအရေးမပါတဲ့လူလဲ"
"ဒါတော့မင်းစိတ်မင်းအသိဆုံးနေမှပေါ့.....ငါမင်းမကြိုက်တာတွေအကုန်ရှောင်တယ်...ဆေးလိပ်ဖျက်တယ် အရက်မသောက်ဘူး လူတော်တော်များများနဲ့အရောတစ်ဝင်မနေဘူး.....ဒါပေမဲ့မင်းကရော.....မင်းက ငါ့စကားကိုနားထောင်လား ငါ့ခံစားချက်ကိုနားလည်းပေးလားရွှန်းနေခြည်"
"လူနှစ်ယောက်ကလက်တွဲဖော်အနေနဲ့ရှေ့ဆက်လျှောက်ဖို့ရွေးချယ်ပြီးသွားရင် ကိုယ့်ဘက်ကိုပဲ ကြည့်နေလို့မရဘူးအကို နှစ်ဖက်မျှတွေးပေးရတယ်....ရွှန်းက လူအကိုရဲ့ ငှက်မဟုတ်ဘူး.....မချုပ်ချယ်နဲ့ ပိတ်လှောင်မထားချင်နဲ့.......တွဲလာတဲ့ ၁နှစ်နီးနီးအတွင်းမှာ အကို့ကိုဘာတွေများစိတ်ပျက်စေမိလို့လဲ ကျွန်တော့်ကိုယုံကြည်ပေးလို့မရဘူးလား ဟင်!!!!"
"မင်းကိုမယုံတာမဟုတ်ဘူး...မင်းနားကလူတွေကိုမယုံတာ....... မင်းကိုဆုံးရှုံးရမှာကြောက်နေတာ..."
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???