မနက်ခင်းဝေလီဝေလင်း....မိုးရာသီလို့ဘယ်လောက်ဆိုဆို ပူလောင်အိုက်ပြုတ်သောအရပ်မလို့ ထိုဝေလီဝေလင်းအချိန်လေးကအိပ်လို့အကောင်းဆုံးအချိန်ပင်။ နေမကောင်းဖြစ်နေသူကို သေချာဂရုစိုက်ပေးနေရ၍ညကကောင်းကောင်းအိပ်မပျော်ခဲ့တာကြောင့် အခုချိန်မှာနှစ်ခြိုက်စွာအိပ်မောကျနေသည်။သို့သော် ကံတရားကြီးကသူ့ကိုအိပ်ခွင့်မပေးဘူးလားမသိ အဆက်မပျက်ခေါ်နေတဲ့ဖုန်းကြောင့်မျက်မှောင်ကြုံ့နှုတ်ခမ်းဆူကာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့်ဖုန်းကိုင်လိုက်သည်။
"ဟလို"
"သားအက္ခရာ......စိုင်းမောင်သားနဲ့ရှိနေလား"
"မရှိဘူးလေ ညကသား စိုင်းမောင်ထက်အရင်ပြန်လာတာ အခုသူအိမ်ပြန်မရောက်သေးဘူးလား"
"အေးကွယ်....အဲ့ကလေးကလဲလေ အိမ်ပြန်မအိပ်ဖြစ်ရင်ဖုန်းဆက်လို့မှာထားရက်နဲ့ကို လူကြီးတွေကိုစိတ်ပူအောင်လုပ်တယ်.....ဖုန်းခေါ်တော့လဲစက်ပိတ်ထားတယ်တဲ့ ဒီမှာသူ့အဖေယောက်ယက်ခက်နေပြီ"
"စိတ်မပူပါနဲ့အမေကလဲ.....ဒီကောင်ကလေးမှမဟုတ်တော့တာ သူ့ကောင်မလေးအိမ်မှာရှိမှာပေါ့"
"အငယ်လေးအိမ်မှာလဲမရှိဘူးတဲ့ အဲ့ဒါကြောင့်သားစီလှမ်းမေးလိုက်တာ.....အမေလဲသူ့သူငယ်ချင်းတွေအကုန်မသိဘူးလေအဲ့ဒါကြောင့် သားကလှမ်းမေးကြည့်ပေးပါဦးကွယ်"
"အာ....ဟုတ်အမေ့"
"ငါ့သားလေးကိုအိပ်ရေးပျက်အောင်လုပ်မိပြီ"
"ကိစ္စမရှိပါဘူး အဲ့ဒီ့အစား အိမ်ပြန်မလာတဲ့ကောင်ကိုသာနာနာလေးရိုက်ပေးလိုက်ဟုတ်ပြီလား"
"အေးအေး အမေဖုန်းချပြီနော်"
တစ်ဖက်ကဖုန်းလေးနှင့်ဆက်သွယ်မှုပျက်တောက်သွားသည်နှင့် အက္ခရာ ကိုဇော်ကြီးကိုဖုန်းလှမ်းခေါ်သည်။
"ကိုကိုကလဲကွာ အစောကြီးကို"
"စိုင်းမောင်အိမ်ပြန်မလာလို့ လူကြီးတွေစိတ်ပူနေတာလေနိုင်.....ငါဒီလောက်တော့လုပ်ပေးရမှပေါ့"
"ကျစ်!!!!!ကိုစိုင်းက ကလေးလဲမဟုတ်ပဲနဲ့ သူသွားချင်ရာသွားမှာပေါ့....ကိုကိုတို့ကမဟုတ်သေးပါဘူး ကိုစိုင်းလိုကျားကိုးစီးစားမကုန်တဲ့ယောကျာ်းရင့်မာကြီးကိုကလေးလိုဆက်ဆံနေကြတာကတစ်ကယ်မဟုတ်သေးဘူးနော်"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???