"ရှမ်းပြည်ပဲသွားမယ်ကွာ.....မေမြို့ကိုမသွားချင်ဘူး အဲ့ဒီ့ကိုခဏခဏရောက်နေတာ"
၄ယောက်အုပ်စု၌လွန်စွာတတ်ကြွသူကပြောနေသော်ငြား အခြားသူများ မှာရှေ့ကစားစရာကိုသာအာရုံစိုက်နေကြ၏။
"တောင်ကြီးရဲ့မီးပုံးပွဲကိုသွားမယ် ငါမရောက်ဖူးသေးဘူး"
"တန်ဆောင်မုန်းလကပြီးခဲ့ပြီလေအဲ့ဒါက"
"ဘာဖြစ်လဲ ခေါင်ရည်သောက်ပြီး မီးပုံဘေးဝိုင်းသီချင်းဆိုကြမယ်ကွာ တောင်ကြီးရောက်ဖူးချင်တယ်"
"အဲ့ဒါက ဘယ်နေရာမှလုပ်လုပ်ရနေတာပဲအက္ခရာ"
"ခေါင်ရည်ကဘယ်ကသွားရှာမှာလဲနောက်ပြီး ရှမ်းပြည်လိုအရသာမျိုးမပေးနိုင်လောက်ဘူးလေ......နိုင် ရှမ်းပြည်ရောက်ဖူးသလား"
အက္ခရာ၏အမေးကြောင့်သာလွန်းနိုင်ခေါင်းငြိမ့်သည်။ထို့နောက်ခပ်ရှရှလေသံဖြင့်
"ကျွန်တော်ငယ်ငယ်ကတော့ရောက်ဖူးတယ်ကိုကို"
"ဒါဆိုအသက်ကြီးမှမရောက်ဖူးဘူးပေါ့......ငါတို့သွားကြရအောင်လေနိုင်.....နော်လိူ့...."
"အဟင်း!!!ကိုကို့သဘော"
"ရွှန်းရော....."
စိုင်းမောင်မေးသံကြောင့်မုန့်ကိုသာအာရုံစိုက်နေသည့်ကလေးကမော့ကြည့်လာသည်။ထို့နောက် မှေးကျဉ်းကျဉ်းမျက်လုံးကလေးကိုဖွင့်လိုက်ပိတ်လိုက်နှင့်ပုတ်ခက်ပုတ်ခက်လုပ်ပြန်၏။
"သားရောက်ဖူးတယ် ခဏခဏပဲ"
"မျက်လုံးကဘာဖြစ်တာလဲရွှန်းရွှန်း.....အဲ့ဒီ့လိုဖြစ်နေတာကြာပြီ"
"မသိဘူး..... မျက်မှန်ပါဝါလိုတယ်ထင်တယ်အကို...."
"အေး....ညနက်တဲ့အထိစာများများဖက် ကြားလားဒေါ်ရွှန်းနေခြည်"
"အကိုကလည်း....."
"စိုင်းမောင် မင်းသည်းကဲမနေနဲ့ မျက်မှန်ပါဝါတိုးလိုက်ရုံကစိတ်ပူရတဲ့ကိစ္စမဟုတ်ဘူး"
"မင်းရော သာလွန်းနိုင်သာ အဲ့သည်လိုဖြစ်နေရင် မင်းစိတ်မပူပဲနေနိုင်လား"
"အို....ဘာလို့မနေနိုင်ရမှာလဲ နေနိုင်သားပဲ"
"ဒါကတော့မင်းကသူ့ကိုတစ်ကယ်မှမချစ်တာ"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???