မည်သူကပိုမည်နည်း(အပိုင်း၂၃)

428 19 3
                                    

ခြံဝန်းကျယ်ကြီးဟာရှေးယခင်နေ့ရက်များလို ပိတ်ထားခြင်းမရှိ။ခြံတံခါးများဖွင့်ထားပြီး ခြံထဲတွင် အနီရောင်ကော်ဇောရှည်ကိုအိမ်မကြီးအထိရောက်​အောင်ခင်းထားသည်။ကော်ဇောနီ၏ဘေးတစ်ဖက်တစ်ချက်တွင် အနီရောင်ပိတ်စခင်းထားသောစားပွဲဝိုင်းများ နှင့်ခုံမြင့်များထားရှိထားပြီး အဆင့်တန်းမြင့်ဂုဏ်သရေရှိလူကြီးလူကောင်းများ ငယ်ရွယ်နုပျိုကာလှသွေးကြွယ်နေသော မိန်းမပျိုလေးများ ခန့်ငြားသပ်ရပ်လှသောယောကျာ်းပျိုများ ဟိုတစ်စုသည်တစ်စု။

ဆရာဝန်များစည်းပွားရေးလုပ်ငန်းရှင်များနှင့်ကျောင်းသူ/သားများစုဝေးနေရာခြံဝန်းကြီးထဲစိုင်းမောင်ကားလေးဝင်လာပြီး ကားဂိုထောင်မှာရပ်ကာ ပွဲလည်ထဲဝင်၍ တစ်ဦးတည်းသောအနွေးဓာတ်ကလေးကိုရှာရတော့သည်။

"အဲ....ကြီးမေ....ရွှန်းလေးရော"

"ငယ်လေးကအပေါ်ထပ်မှာ.....သားရောက်မှလာခေါ်ပါတဲ့လေ"

"ဪ......သားလိုက်သွားလိုက်မယ်နော်ကြီးမေ"

"အေးအေး.....မင်းဦးလေးကိုနှုတ်ဆက်လိုက်ဦး"

"ဟုတ်ကဲ့ဗျ"

စိုင်းမောင်ပြောစကားနားထောင်တဲ့ကလေးဟာ ယနေ့ သူ့မွေးနေ့တွင် စိုင်းမောင်ကိုယ်တိုင်ဈေးကြီးကြီးဖြင့်ဒီဇိုင်နာစီမှာအပ်ပေးထားသောဂါဝန်လေးကိုဝတ်လိမ့်မည်။ တစ်ကြိမ်တစ်ခါမျှဂါဝန်မဝတ်ဖူးပါသောကလေးမလေး၏ ပထမဆုံးပုံရိပ်ကိုစိုင်းမောင်ဦးစွာကြည့်ခွင့်ရမည်ဖြစ်၍ ယခုထိတိုင်အိမ်အောက်ထပ်သို့ဆင်းမလားသေးပုံပင်။

"ဦးလေး"

"သား.....လာပြီလား.....အငယ်လေးအပေါ်မှာစောင့်နေတယ်"

"ဟုတ်ကဲ့"

"ငါ့သားကခန့်လှချည်လားဟင်!!!!အနောက်တိုင်းဝတ်စုံနဲ့လည်းလိုက်သားကွ"

"အာ......မြှောက်နေပြီဗျာ.....သား ကလေးကိုသွားခေါ်လိုက်မယ်နော်"

"အေး....အေး....မယ်မင်းကြီးမလေးက ဖအေကိုယ်တိုင်သွားခေါ်တာတောင် အကိုလာမှတဲ့ဗျာ သွားပင့်ချေဦး"

"ဟုတ်ကဲ့ဗျ"

ဦးနေယံဟာနောက်ပိုင်းမှာ စိုင်းမောင်ကိုယခင်ကဲ့သို့ မောင်စိုင်းမောင် ငါ့တူ...စသည်ဖြင့်မခေါ်တော့ပဲ"သား"ဟုသာခေါ်သည်။ဒါဟာ အိမ်ကလူတွေရှေ့မှာထင်မဟုတ် ဘယ်နေရာဘယ်မှာတွေ့တွေ့ "ငါ့သား"ဟုခေါ်တာကြောင့် အချို့ဆိုဥိးနေယံနှင့်သူ့ကိုသားအဖလို့ထင်သည်ထိ ဦးနေယံကသူ့အပေါ်နွေးထွေးပေး၏။မီးစိုင်းမီးပန်းများနှင့် နန်းတော်ကြီးပမာခန့်ငြားလှသောအိမ်ကြီး၏အပေါ်ထပ်ကြောင်လိမ်လှေကားအတိုင်းတတ်လာလိုက်ပြီး ဝရံတာနှင့်ကပ်ရပ်တွင်ရှိနေသည့် လိုက်ကာစအနီရောင်တွေဖြင့်ကာရံထားသောမှန်ပြတင်းများရှိသည့်အခန်းရှေ့တွင်ရပ်ကာအခန်းတံခါးခေါက်လိုက်သည်နှင့် အခန်းတံခါးလေးဟာဖြေးညှင်းညင်သာစွာပွင့်လာ၏။

မည်သူကပိုမည်နည်းWhere stories live. Discover now