မည်သူကပိုမည်နည်း(အပိုင်း၁၄)

286 13 2
                                    

မိုးတစ်ဖျောက်ဖျောက်ကျသံကြောင့်အအိပ်စက်သည့်စိုင်းမောင်စောစီးစွာနိုးလာသည်။ မုန်တိုင်းရှိသည်ထင်ပါရဲ့ စိုင်းမောင်တို့ မိုးနည်းတဲ့အရပ်မှာမိုးတွေကျလို့။သဘာဝမိုးကရွာခဲသည်။မုန်တိုင်းလာလျှင်လဲ မတိတ်အောင်ရွာမည်ဖြစ်သည်။စိုင်းမောင်စိတ်ရှုပ်စွာ စုတ်သပ်လိုက်မိသည်။သူထီးယူရတာမကြိုက် အပိုပစ္စည်းတစ်ခုကိုသယ်သွားနေရသလိုပဲ စိုင်းမောင်တစ်ကယ်ကိုသဘောမကျပါ။'

နာရီကြည့်မိတော့မနက်၄နာရီထိုးနေပြီ။ပုံမှန်မနက်၄ခွဲ၅နာရီနိုးနေကြမို့ပြန်မအိပ်တော့ပဲခြေလက်သန့်စင်ခြင်းအမှုကိုပြုလိုက်သည်။ထို့နောက်  ဘုရားမျက်နှာသစ်တော်ရေနှင့်သောက်တော်ရေချမ်းကပ် ဘုရားပန်းအိုးရေဖြည့်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။ အိမ်အကူအဒေါ်ကြီးနှင့်ကောင်မလေးကမေမေနိုးလာလျှင် ဆွမ်းတော်ကပ်ဖို့ရာဆွမ်းနှင့်ဆွမ်းဟင်းအသင့်ပြင်နေပုံပင်။

"အကိုလေးနိုးပြီလား စောတယ်နော်"

"အင်း"

"အစာပြေတစ်ခုခုစားမလားအကိုလေး"

"မစားသေးဘူး"

စိုင်းမောင်ကောင်မလေးအမေးကိုပြန်ဖြေပြီးဧည့်ခန်း ကဆိုဖာတွင်ဝင်ထိုင်လိုက်သည်။၄နာရီခွဲခါနီးအချိန်သာဖြစ်သည်မို့အိပ်ပုပ်ကြီးသည့်ကလေးတစ်ယောက်နိုးမည်မဟုတ်သေး။ဟို တစ်နေ့ကဖုန်းနံပါတ်တောင်းထားသဖြင့်သူ့ဖုန်းနံပါတ်တော့ရှိသည်။လှမ်းဆက်ကြည့်ချင်ပေမဲ့အအိပ်မက်တဲ့ ကလေးမ စောစောနိုးလျှင်စိတ်မကြည်ပဲနေမည်ဆိုး၍မဆက်နိုင် ဖုန်းကိုတစ်စိမ့်စိမ့်ကြည့်ရင်ပြုံးနေမိသည်။

"အဟမ်း!!!!ဖအေတစ်ယောက်လုံးကိုတောင်မမြင်ပဲ မှိုရတဲ့မျက်နှာနဲ့ဘာဖြစ်နေတာတူန်း"

"အဖေ......အမေ့ကိုရည်းစားစကားဘယ်လိုပြောတာလဲဟင်"

"ဟ!!!!ပြောပြစရာလားကွ ဒီမယ်စိုင်းမင်းမောင် မင်းအဖေငါက ပြည့်စုံတဲ့ယောကျာ်းတစ်ယောက်လေ မင်းအမေကြိုက်နိုင်လောက်တဲ့အရည်အချင်းရှိတယ် ညဘက်ဆိုဂီတာလေးတီးပြီးသွားပိုးလဲအသံကသာယာနာပျော်ဖွယ်လေကွာ မင်းအမေက ငါ့သီချင်းဆိုသံမကြားရရင်တောင်အိပ်မပျော်ဘူးတဲ့ မင်းလိုအသံဆိုးနဲ့သွားဆိုရင်တော့မင်းကောင်မလေးကခဲနဲ့ထုလွှတ်လိမ့်မယ်"

မည်သူကပိုမည်နည်းWhere stories live. Discover now