လေတစ်ဖြူးဖြူးတိုက်ခတ်နေသောမြစ်ကမ်းလေးနံဘေးတွင် ဗမာရင်ဖုံး ဖြူဖြူကလေးကို လုံချည်အနီကလေးနဲ့တွဲဝတ်ထားသည့်ဖြူဖြူသွယ်သွယ်အမျိုးသမီးကိုတွေ့ရသည်။စိုင်းမောင်သေချာအောင်အကြိမ်ကြိမ်ထပ်ကြည့်မိသည်။ဒါဟာရွှန်းနေခြည်မှရွှန်းနေခြည်ပါပဲ ။သိူ့သောတစ်ချို့အချက်တွေကတော့ရွှန်းနေခြည်နှင့်မတူပါ။
ဒေါင်းဘယက်ကိုလည်တိုင်ကျော့ကျော့မှာဆင်မြန်းထားပြီး မဟူရာကျောက်ကိုရွှေကွပ်ထားသည်လက်စွပ်ကဘယ်ဘက်လက်ရဲ့လက်သန်းကြွယ်လေးမှာထည်ဝါစွာရှိနေ၏။ဆံနွယ်ရှည်တွေကို သေသေချာချာထုံးဖွဲ့ထားပြီး ကျောက်စိမ်းဆံထိုးလေးထိုးထားသည်။ မဟူရာနားကပ်ကိုဝတ်ဆင်ထားသည့်အမျိုးသမီးမှာအလွန်အမင်းနန်းဆန်လှ၏။ထိုအမျိုးသမီးတွင်ပါးချိုင့်တွေမရှိပါ ပါးချိုင့်လိုနေရာတွင်လဲမှဲ့ရှိမနေပါ သိူ့သော်မျက်နှာကတော့ရွှန်းနေခြည်နှင့်အလွန်တူသည်လေ။ ထိုအမျိုးသမီး၏ဘေးတွင် သုတအောင်.....ယောပုဆိုးကိုသန့်ပြန့်စွာဝတ်ဆင်းထားပြီး တန်ဖိုးကြီးသည့်ပတ္တမြားလက်စွပ်ကလက်ညှိုးမှာဝံံ့ဝံံ့ကြွားကြွား ။မျက်ဝန်းတွေမှာနီရဲကာဒေါသထွက်နေဟန်ရှိပြီး လက်ထဲတွင်နီရဲလှပသည့်နှင်းဆီပွင့်ကလေးအားအညှာအတာကင်းမဲ့စွာလုံးခြေထား၏။
"ဘာလို့လဲ.....အကိုက အဲ့ဒီ့မျိုးရိုးနိမ့်တဲ့အကောင်နဲ့ဘာတွေမယှဉ်နိုင်တာရှိနေလို့လဲ.....ဘာလို့အကို့ကိုမရွေးရတာလဲ..... နှမငယ်ရဲ့ဘဝကိုမတောင့်မတ မကြောင့်မကျထားနိုင်မဲ့အကို့လိုလူကိုဘာကြောင့်ငြင်းဆန်နေရတာလဲ...ဟင်!!!!"
တစ်ဖက်မှအမျိုးသမီး၏တုံ့ပြန်သံကိုမကြားရပါ။ လက်ထဲတွင်ကိုင်ထားသည့်ခရေပန်းကုန်းလေးကိုအားပါးတစ်ရမွှေးရှိုက်ရင်း တစ်ဖက်လူ၏စကားကိုမကြားဟန်နေနေသည်။စိုင်းမောင်ထိုအမျိုးသမီးကိုကြည့်နေရင်းပြုံးလိုက်မိသည် ဒီလိုပုံစံဒီလိုဟန်ပန်လေးတွေကတစ်ကယ်ပဲသူ့ကလေးမလေးပါလေ။
"မြေမှာကြွေတဲ့ခရေတွေကတန်ဖိုးမရှိဘူးနှမငယ် ဒီလိုအဖိုးနိမ့်တဲ့အရာတွေဟာနှမငယ်လိုသခင်မတစ်ယောက်နဲ့မထိုက်လှဘူး"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???