ဆံတိုလေးကရှာရင်မတွေ့ မရှာပဲနေရင်တွေ့သည်။ယခုလည်းစိုင်းမင်းမောင် တို့အနီးတွင် စာကျက်နေသောဆံတိုလေးကိုစိုင်းမင်းမောင်ခဏခဏလှည့်
ကြည့်နေမိသည်။"ဒါဆိုကိုစိုင်း အကိုဇော်ကြီးနေရာမှာအစားဝင်မှာပေါ့"
"ဟုတ်တယ်အကို....ကိုဇော်ပြန်လာရင်တော့ ကျွန်တော်မလာတော့ဘူးလေ ကျွန်တော်ကသူနေရာမှာခဏဝင်ကူပေးရုံပဲ"
"ဟုတ်ပြီ ဟုတ်ပြီ ငါ့ညီကပထမဆုံးစာသင်မှာဆိုတော့ဖြစ်ပါ့မလားကျောင်းသားတွေကမင်းနဲ့အသက်သိပ်မကွာကြတော့လေ"
"ဖြစ်မှာပါအကိုစိတ်မပူနဲ့"
"ကဲငါ့ညီအဆင်ပြေရင်ရပြီ ငါ့ညီပညာအရည်အချင်းလဲအကိုသိနေတာပဲယုံပါတယ်ကွာ"
စိုင်းမင်းမောင်သူ့အကိုဝမ်းကွဲ စာပြ ပေးနေသောစာကျက်ဝိုင်းမှာ သူ့အကိုအစားလာရောက်စာပြပေးဖို့ရန်ပြောနေတာဖြစ်သည်။သူ့အကိုဝမ်းကွဲ၏မိခင်ဆေးရုံတတ်နေတာမို့ ၁လတန်သည်၂လတန်သည် စာပြပေးနေမှာဖြစ်သည်။
"ဒါဆိုအကိုကျွန်တော့်ကိုအချိန်ဇယားလေးပေးပါဦး"
"ဪအေး ခဏစောင့်နော်ညီလေး အကိုသွားယူဦးမယ်"
ထိုအကိုထွက်သွားသည်နှင့် စိုင်းမင်းမောင် ရှေ့ဆုံးခုံတန်းရဲ့ညာဘက်ထောင့်စွန်းမှာထိုင်နေတဲ့ဆံတိုလေးစီခြေဦးလှည့်လိုက်သည်။
"ဟေ့...ကလေး....အဲ ရွှန်းရွှန်း"
ကလေးမလို့ခေါ်မိတော့မည့်ဆဲဆဲတွင်နမည်ပြန်ပြောင်းခေါ်လိုက်ရသည်။မဟုတ်လျှင်ဆံတိုလေး၏မျက်စောင်းတွေသူ့စီဒိုင်းကနဲရောက်လာမှာ။
"ရော့"
"ဘာကြီးလဲ"
"ဆေးလေ ပွန်းပဲ့ရာတွေအတွက်"
"ပျောက်သွားပြီရော....ကျေးဇူးပါ"
"သိမ်းထားလိုက်နောက်ခိုက်မိရင်သုံးလို့ရတာပေါ့"
"ဟုတ်... ရှဲရှဲ"
ဒီတစ်ကြိမ်တော့ဆံတိုလေးက စွာကျယ်ကျယ်နှင့်ရန်ပြန်မသတ်တော့ပါ။ဒီလိုပုံစံလေးနဲ့လဲချစ်ဖို့ကောင်းနေတာပဲ တနည်းဆိုလျှင် ထိုဆံတိုလေးကတစ်ကယ့်ချစ်မွှေးလေးဖြစ်သည်။
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???