ထိုနေ့(စိုင်းမောင်ဆံတိုလေးကိုချစ်ရေးဆိုပြီးသည့်နေ့)မှစ၍ ဆံတိုလေးကိုစိုင်းမောင်တွေ့ခွင့်မရတော့တာတစ်ပတ်လောက်ပင်ရှိနေပြီဖြစ်သည်။ထိုသွက်လက်ချက်ချာသောအမျိုးကောင်းသမီးလေးသည် စိုင်းမောင်နှင့်မတွေ့အောင်မည်သို့မည်ပုံရှောင်ရှားရမည်ကိုအိမ်မှာကတည်းကစဉ်းစားလာသလားမသိ စိုင်းမောင်အရှေ့ကလာလျှင် သူကအနောက်ကပြေးသည်။စိုင်းမောင်အနောက်ကလာလျှင်မယ်မင်းကြီးမလေးကဆန့်ကျင်ဘက်အရပ်ကနေလှစ်ကနည်းပျောက်သွားတတ်သည်။စိုင်းမောင်အဖြစ်က ထိုသို့နှယ်ဆိုးပါ၏။
ယခုစိုင်းမောင်ဆံတိုလေးတို့အတန်းရှေ့တွင်ထိုင်နေတာဖြစ်သည် အတန်းချိန်မစသေး၍ကျောင်းသား/သူတွေအကုန်အပြင်မှာရှိနေသည်။ထိုအထဲတွင်သူကောင်မလေးတော့မပါပါ။အကြောင်းမှာကလေးမကျောင်းမလာသေးဘူးလေ။စိုင်းမောင်စိတ်ရှည်စွာထိုင်စောင့်သည်။ အတန်းရှေ့အပေါက်ဝကနေထိုင်စောင့်နေပါလျှင်ဒီကလေးထွက်ပြေးလဲမိမှာပဲမလား။
"အကိုကြီးဟိုဘက်နည်းနည်းတိုးပါဦး...လူကလည်းထိုင်နေသေးတယ် လက်ကြီးကလည်းကားထားသေးတယ်"
"စိုင်းမောင်ရေမင်းကလေးမလာပြီဟေ့"
အက္ခရာရဲ့အော်သံအကျယ်ကြီးအဆုံးအရှေ့ဘက်တံခါးမှာထိုင်နေတဲ့စိုင်းမောင်အနောက်ဘက်တံခါးစီလှစ်ကနည်းရောက်လာ၏။
"မိပြီ!!!! ဘယ်ပြေးဦးမလဲအကောင်ပေါက်လေး.....လာအကိုနဲ့လိုက်ခဲ့"
"သား....သားစာတွေရေးဖို့ကျန်သေးတယ်လို့"
"အကိုကူရေးပေးမယ်လာ "
"ရတယ်ရေးပေးဖို့မလိုဘူး ရွှန်း ကိုယ့်ဟာကိုပဲရေးလိုက်မယ် အကိုနဲ့လဲမလိုက်ချင်ဘူးဖယ်ပေး"
"အကိုကောင်းကောင်းခေါ်တာမလိုက်ရင်နမ်းမှာနော်ရွှန်းလေး"
"အကိုနော်!!!"
"လိုက်မှာလားမလိုက်ဘူးလား"
"မလိုက်!!!!အွန့်!!!!လိုက်မယ်လို့အဲ့မျက်နှာကြီးကဖယ်စမ်းပါ"
မလိုက်ဘူးလို့ငြင်းတော့မဲ့ကောင်မလေးက ခြိမ်းခြောက်ရုံတဲ့မကြောက်မဲ့အစားထဲကမလို့
စိုင်းမောင် ကလေးမ၏မျက်နှာနှင့်နီးကပ်စွာတိုးပစ်လိုက်သည်။ထိုမှအငြင်းစကားထပ်မထွက်လာပဲ လိုက်မယ်ဆိုတဲ့ဝါကျကိုကြားရသည်။ ချစ်ရတဲ့ကလေးငယ်ငယ်လေးကသိပ်ခေါင်းမာသည်ပဲ။
စိုင်းမောင်ဆံတိုရဲ့လက်တွေကိုဆွဲကာ ကျောင်းနှင်အနီးဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ဝင်လာလိုက်သည်။အနောက်မှာကျန်ခဲ့မဲ့သူငယ်ချင်းဖြစ်သူကိုသူအာရုံမထားတော့။သူ့သူငယ်ချင်းကသူမရှိလဲ ဖြစ်တယ်လေ။
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???