နေ့လည်စာစားအပြီးတွင် ရွှန်းနေခြည်သည် ခြံထဲရှိဘံဒါပင်ကြီးအောက်မှ လူ၄ ၅ယောက်ထိုင်စာလောက်ရှည်သည့် ခုံတန်းရှည်ကြီးတွင်ထိုင်ကာစာဖတ်နေသည်။ဒါဟာအရင်ရက်တွေမှာလဲလုပ်နေကြအလုပ်ပင်ဖြစ်၏။သူစာဖတ်နေလျှင် စိုင်းမောင်ကအနားထိုင်ကာ စာလျှင်ဖတ်သည်မဟုတ်လျှင် စကားတစ်တွတ်တွတ်ပြောပြီး စာဖတ်နေသူကိုနှောက်ယှက်တတ်၏။
"ဟော....ဘာလုပ်တာလဲလို့"
"အိပ်ချင်လို့"
"အိပ်ချင်အခန်းထဲသွားအိပ်လေ...ပေါင်ပေါ်မအိပ်နဲ့ လုံချည်နဲ့ခေါင်းနဲ့ထိနေတာကို"
"ဘာဖြစ်လဲ"
"ဘုန်းနိမ့်မယ်လေ"
"ဘာလို့နိမ့်ရမှာလဲကွာ....မနိမ့်ပါဘူးရွှန်းရဲ့"
"ရွှန်းကမိန်းကလေးလေ မိန်းကလေးတစ်ယောက်ဝတ်တဲ့လုံချည်ကိုခေါင်းနဲ့ထိနေလို့ဘယ်အဆင်ပြေမလဲ"
"အကို့အထင်တော့မင်းက ဘုန်းကံကြီးတဲ့မိန်းကလေးပဲ....အဲ့ဒါကြောင့်တော်ရုံလူတွေအနားမကပ်နိုင်တာလေ"
"ဟင်!!"
"ဟုတ်တယ်လေ....မိန်းမတစ်ယောက်ဘုန်းကံကြီးရင် အဲ့မိန်းမနားမှာတော်ရုံယောကျာ်းတွေတောင်မကပ်ရဲဘူးတဲ့ အဲ့မိန်းမနဲ့ယှဉ်ရင် အလိုလိုသိမ်ငယ်တယ်လို့ခံစားနေရလို့ပဲ.....မင်းကအဲ့လိုမိန်းကလေး"
"ဒါဆိုအကိုက အရမ်းအရမ်းအရမ်းကိုမှဘုန်းကံကြီးလို့ရွှန်းနားနေနိုင်တာလား"
"အင်း.....အကိုကကျတော့..ဘယ်လိုပြောရမလဲ...အဟွန်း!!!!အရှက်မရှိလို့လဲ ဖြစ်နိုင်ပါတယ် "
"ဘယ်လို...."
"အစကတော့မင်းနားရောက်ရင်သိမ်ငယ်စိတ်တွေရှိပါတယ်.....တန်ရောတန်ရဲ့လား....လိုက်ရောလိုက်ဖက်ရဲ့လား.....စတဲ့စတဲ့အတွေးတွေနဲ့အကိုမင်းနားရောက်တိုင်းကိုသိမ်ငယ်ရတယ်....နောက်ပိုင်းတော့အကျင့်ပါသွားတယ်ထင်ပါတယ် မသိမ်ငယ်ဘူးမရှက်တော့ဘူး မင်းခွာချထားခဲ့ရင်တောင် အတင်းကပ်တွယ်နေမှာ"
"အဟင်း!!!ဒီလိုလဲချစ်ဖို့ကောင်းတာပါပဲလား...ဟင်!!....ကဲ ခေါင်းဦးဖြစ်ဖြစ် ခပ်ပါးပါးပိတ်စကလေးဖြစ်ဖြစ်ယူခဲ့"
YOU ARE READING
မည်သူကပိုမည်နည်း
Romanceမောင့်ကိုမစွန့်လွှတ်နိုင်တဲ့ကျွန်မရယ် သစ္စာတရားကြီးမားလွန်းတဲ့မောင်ရယ် နောက်ဆုံးအချိန်ထိမောင့်ဘက်ကပဲရှိနေပေးတဲ့ထိုအမျိုးသမီးလေးရယ်ကျွန်မတို့သုံးယောက် ချစ်ခြင်းတွေသာပြိုင်ခဲ့လျှင် မည်သူကပိုမည်နည်း???