မည်သူကပိုမည်နည်းအပိုင်း၁၁

317 10 2
                                    

"ဟိုဘက်အိမ်ကညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို.......ကျွန်တော်ဆို့အဖွဲ့ကချစ်စနိုးလေးနဲ့ရေဒီယို ကမာရွတ်လို့ပေးထားတယ်....."

ခြံရှေ့ ပန်းပင်တွေစိုက်တဲ့စိုက်ဘောင်စီမှ
တစ်ဒေါင်ဒေါင်တစ်ဒင်ဒင် ဂီတာခေါက်သံနှင့် ရေဒီယိုကမာရွတ် သီချင်းကိုလူ သုံးလေးယောက်လောက် အသံကျယ်ကျယ်ဟစ်နေတာဖြစ်သည်။
ဆယ်တန်းအတန်းတင်စာမေးပွဲ ကြီးနီးပြီမို့ ပတ်ဝန်းကျင်တွင် ဆူညံသံများမလုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ကွပ်၊မြို့၊ရွာအတွင်းလှည့်လည်အသိပေးပြီးနှင့်ပြီးသားဖြစ်သည်။ယခုကဲ့သို့ဆူညံနေပါလျှင်လာရောက်တိုင်ကြားခွင့်လည်းရှိသည်။

"အသံဆိုးနဲ့"

စာရေးနေရင်းမှထွက်လာတဲ့ခပ်တိုးတိုးအသံကြောင့်စိုင်းမောင်မျက်ခုံးတန်းတွေအလိုမကျသလိုတွန်ချိုးကုန်သည်။

"နားထောင်နေတာလား"

"ဗျာ......နားထောင်တာတော့မဟုတ်ဘူးလေ....သူတို့အကျယ်ကြီးအော်နေတော့ကြားနေရတာကို"

"အနှောက်အယှက်ဖြစ်လား"

"အင်း....နည်းနည်း"

"အင်း"

စိုင်းမောင်ခြေလှမ်းတွေ ဧည့်ခန်းမှ ခြံပြင်ဘက်သို့သွားရန်ပြင်လိုက်သည်။

"ဆရာ!!!!သွားပြောမို့လား"

"အင်း"

ဆံတိုလေးစီကဘာသံမှထပ်ထွက်မလာပါ စိုင်းမောင်ကတော့အပြင်ကနေအသံကုန်ဟစ်နေတဲ့အုပ်စုစီသွားကာ ဆက်မအော်ဖို့ပြောရမည်။မပြောလို့လည်းမရပါ အိမ်မှာဦးလေးငွေနဲ့ driverအကိုက တန်းလျှားဘက်မှာထမင်းစားနေလောက်ပြီ။ဦးနေယံက ကုမ္ပဏီကပြန်မလာသေး ဆိုတော့ အပြင်ထွက်ပြောမည့်ယောကျာ်းသားဆိုလို့စိုင်းမင်းမောင်တစ်ယောက်သာရှိသည်လေ။

"ဟေ့!!!!!မင်းတို့ဒီလိုဆူညံမနေဖို့ အရင်နေ့တွေထဲကကြေငြာထားပြီးသားမလား"

စိုင်းမောင်လှမ်းအော်လိုက်တော့တစ်ဖက်က၃ယောက်အုပ်စုက စိုင်းမောင်ရှေ့တိုးလာသည်။ထိုအုပ်စုတွင်အလည်မှတစ်ယောက်ကိုစိုင်းမောင်ကောင်းကောင်းသိသည်။

မည်သူကပိုမည်နည်းWhere stories live. Discover now