အဟွတ်....အဟွတ်!....
" အော့...ဝေါ့...ဝေါ့...."
" baby!!...အန်နေပြန်ပြီးလား..
ဘာလို့ကိုယ့်ကိုမနိုးတာလည်းကွာ..."မှေးခနဲ့ အိပ်ပျော်သွားချိန် ကြားလိုက်ရတဲ့
အသံကြောင့် taehyung နိုးလာပြီးကမန်း
ကတန်းထကာ ရေချိုးခန်းက ဘေစင်ပေါ် လက်ထောက်ပြီး အန်နေသူလေးရဲ့ ကျောပြင်လေးအားပွတ်သက်ရင်း ဆိုလိုက်တော့ ခေါင်းလေးအသာယမ်းပြလာသည် ။ အချိန်အားဖြင့် မနက်၃နာရီကျော်လောက်သာ ရှိနေသေး၏ ။
ခနာအကြာ အန်ပြီးသွားတော့ ပလုပ်လေးကျင်းက သူ့ဖတ်လှည့်လာပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့ ခလေးငယ်အား ပွေ့ချီကာ အခန်းထဲပြန်ဝင်လာလိုက်သည် ။ လေတွေကြီး အန်ထားတာကြောင့် သူ့ခလေးလေးနုံးသွားမှန်း သူသိသည် ။
ကုတင်ပေါ်မချသေးဘဲ ပွေ့ချီထားလျက်နှင့်
အခန်းထဲ လမ်းလိုက်လျှောက်ပေးနေပြီး ခလေးငယ်က ချပေဖို့မတောင်းဆိုသလို သူကိုယ်တိုင်လည်း ချပေးဖို့အစီအစဥ်မရှိခဲ့ ။" အိပ်သွားပြီးလား...ကိုယ့်သည်းလေး.."
" ဟင်အင်း..."
" အရမ်း..ပင်ပန်းနေပြီးလာ..ဟင်.."
" ဟင်အင်း.."
" ဟုတ်ပါပြီး...ကိုယ်က အရမ်းချစ်တယ်နော်
နောက်ဆို...တစ်ခုခုဖြစ်ရင် ကိုယ့်ကိုနိုးပေါ့
သည်းလေးရယ်..."" ဟုတ်...ခုက...သားရှူးရှူးပေါက်ချင်လို့
နိုးသွားတာ..အဲ့ဒါကြောင့်...ဦးထယ်ကို
မနိုးမိတာပါ..."" ကိုယ်စိတ်ပူတယ်လေ..ခလေးရယ်
ဘာဘဲဖြစ်ဖြစ် နောက်ဆို ကိုယ့်ကိုနိုးနော် "" ဟုတ်..."
" အွန်း...လိမ္မာတယ် "
ချီထားပြီး ကျောပြင်လေးအား ပွတ်သက်ကာ ဆိုတော့ အလိမ္မာတုန်းလေးက သူ့စကားကိုနားထောင်ရှာသည် ။ အချိန်ကလည်း အတော်
ကိုစောနေတော့ taehyung သူ့ရဲ့ ဗိုက်ဗိုက်လေးအား ပြန်ချော့သိပ်နေလိုက်သည် ။ ဘယ်လောက်မှမကြာလိုက် အိပ်ချင်နေသူလေးဟာ taehyung ကိုယ်ပေါ်မှာဘဲ အသက်ရှူသံ
မှန်မှန်လေးဖြင့် ပြန်လည်အိပ်ပျော်သွားတော့သည် ။ ကိုယ်ဝန်ကြောင့် ဖြစ်တက်တဲ့ အရာတွေထဲ သူခလေးလေးက အန်တဲ့ဝေဒနာအား ခံစားနေရတော့ taehyung ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရသည် ။ ၁ လကျော်ကျော်သာဆိုပေမဲ့မာမီပြောစကားအရ ဒီဝေဒနာက အနည်းဆုံး ၃လအများဆုံး မွေးတဲ့အချိန်ထိ ခံစားရတယ်တဲ့ ။ အဲ့ဒါကြားပြီးပြီးခြင်း ခလေးငယ်ကိုယ်စား သူသာခံစားလိုက်ခြင်မိသည် ။ နဂိုကတည်းက သေးပါတယ်ဆိုတဲ့ ခန္ဓာကိုယ်လေးဟာခုတော့ ကိုယ်ရည်လေးစစ်သွားပြီး အနည်းငယ်ပင် ပိန်သွားတာကြောင့်
taehyung ပိုပြီးစိတ်မချဖြစ်ကာ ကုမ္ပဏီတောင် မသွားဖြစ်တော့ ။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...