* မျှော်နေကြပြီးလာ သဲလေးတို့
သာသာ နောက်မကျပါဘူးနော် *
=============================
လက်ပေါ်က အထိအတွေ့ကြောင့် မျက်ဝန်းတွေကို ဖြည့်ဖြည်းချင်းဖွင့်လိုက်တော့ ဆေးအနံ့တချို့က hoseok အားဆီးကြိုနေပြီး အဖြူရောင်မျက်နှာကျက်နှင့် စိမ်းသက်သက်နေရာကြောင့် သူဘယ်ရောက်နေလည်းဆိုတာ သိ
လိုက်ပါပြီး ။ ဆေးရုံကို ကြောက်တက်သူပီပီ
လန့်ပြီး အနည်းငယ်လှုပ်ရှားမိချိန်....." ခလေးလေး!...နိုးပြီးလာ!...
ဒေါက်တာ!.. ..ကျွန်တော့အမျိုးသားသတိ
ရလာပြီး!..."ဦးထယ်အသံက hoseok နားထဲတိုးဝင်လာပြီး
ခေါင်းလေးအသာစောင်းကာ လှည့်လိုက်မိတော့ သူ့အားစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာပြီး
တစ်ဆက်ထဲ ကုတင်ခေါင်းရင်းက ခလုပ်ကိုတစ်ခါထဲနှိပ်ကာ ဆရာဝန်အား လှမ်းအသိပေး
လိုက်တဲ့ ဦးထယ်က သွက်လက်မြန်ဆန်စွာဖြင့်။
ထို့နောက် အချိန်ခနလေးအတွင်း အခန်းတစ်ခုလုံးလူစုံသွားကာ ဆရာဝန်ကြီးက hoseok
အား စစ်ဆေးစရာရှိတာစစ်ဆေးပေးပြီး ဆေးကုန်တာနဲ့ ဆေးရုံကဆင်းလို့ရကြောင်းပြောကာ အခန်းထဲက ပြန်ထွက်သွားတော့သည် ။တစ်ဆိတ််!..ဘာလို့အားလုံးက သူ့ကိုကြည့်ပြီး ပြုံးနေကြပါလိမ့် ။ စောစောကထွက်သွား
တဲ့ ဆရာဝန်ကြီးကလည်းပြုံးနေသလို ဦးထယ်
နောက်က မာမီနဲ့ ဒယ်ဒီကပါ ပြုံးပြီး ဆရာဝန်ကြီးနဲ့အတူ လိုက်ထွက်သွားကြသည် ။ ဘာလို့လယ် ။ ဘာလို့ သူ့ကိုကြည့်ပြီး ပြုံးနေကြတာလည်း ။ ခေါင်းထဲမေးခွန်းများစွာဖြင့် စဥ်းစား
ရခက်နေစဥ်..." သက်သာလား ခလေးလေး...ခေါင်းကမူး
နေသေးလာ...ဘယ်နားအဆင်မပြေတာရှိ
လည်း ကိုယ့်ကိုပြောလေ..."ကုတင်ပေါ်ကနေ အားလုံးကို မျက်လုံးလေး ပုတ်
ခတ်ပုတ်ခတ်နဲ့ လိုက်ကြည့်နေတဲ့ခလေးငယ်ကို taehyung ပြုံးပြီးမေးလိုက်တော့ စူပုတ်ပုတ်
လေးနဲ့ သူ့အားကြည့်လာသည် ။ အားလုံးကပြုံး
နေကြတော့ အခုအခြေကို ခလေးခမျာ နားမလည်နိုင်ဖြစ်နေတော့သည် ။ အေးလေ..သူလေးခမျာမူးလဲလို့ဆေးရုံရောက်လာပြီး သူ့ကိုမစိုးရိမ်တဲ့အပြင် အားလုံးက ပြုံးနေကြတော့ စူပုတ်ပုတ်လေးဖြစ်သွားတာတော့ မဆန်းပါ ။ ဒါကို
ကြည့်ပြီး သူ့မှာအရှေ့ကအကောင်ပေါက်လေးအား အသည်းယားလို့မဆုံးတော့ ။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...