🤍 မေ့နေကြပြီးလာ သာသာ့ကို 🤍
hoseok ဦးထယ်ကို စိတ်ကောက်နေတယ် ဆိုတာ တကယ်တော့မဟုတ် ။ သူစိတ်ကောက်ရင်
မနေတက်မထိုင်တက် ဖြစ်နေတဲ့ ဦးထယ်အပေါ်ဆိုးချင်လို့သက်သက်စိတ်ကောက်ပြနေမိတာဖြစ်သည် ။ တစ်မနက်လုံး သူစိတ်ကောက်ပြေအောင် တဖွဖွချော့နေတဲ့အပြင် အလုပ်လုပ်နေရင်း စိတ်မဖြောင့်ဘဲ သူ့ဆီခနခနလှမ်းကြည့်တက်တဲ့ ဦးထယ်အား တမင်မျက်စောင်းထိုးကာ စိတ်ထဲ၌လည်း အချစ်ပိုနေမိသည် ။
သူ့မျက်နှာညှိုးမှာ သေမလောက်ကြောက်တဲ့
ဦးထယ်ကို hoseok အရမ်းချစ်သည် ။ အရင်ကဖြစ်ပျတ်ခဲ့တဲ့ အဖြစ်အပျတ်တွေကြား ဦးထယ်ဟာ သူ့အပေါ်ယုတ်မာခဲ့ခြင်းမရှိတဲ့အပြင် နစ်နာခဲ့တဲ့ သူ့အပေါ်တောင် တာဝန်ယူစိတ်
အပြည့်ရှိခဲ့သည် ။အမှားနဲ့အမှန်ကို ခွဲခြားသိပြီးတဲ့နောက်သူ့အပေါ်အပြစ်မမြင်တော့ဘဲ လူကြီးလူကောင်းပီပီ သူ့အရိပ်အောက်တွင် hoseok အားလုံခြုံစေခဲ့သူတစ်ယောက်လည်းဖြစ်သည် ။ နောက်ဆုံးတစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်မိသွားတော့ ဦးထယ်ရဲ့သူ့အပေါ်ထားတဲ့အချစ်တွေအား တစ်နေ့ထက်တစ်နေ့ပိုပြီး သိမြင်လာခဲ့၏ ။
သူ့များတွေအားကျရလောက်တဲ့အထိ hoseokအား ချစ်ပေးခဲ့တဲ့ ဦးထယ်ကြောင့်
သူသည်လည်း ဦးထယ်အပေါ် တစ်နေ့ထက်တစ်နေ့ပိုပြီး အချစ်တွေ တိုးလာရသည် ။
ဘယ်လောက်တောင်လည်းဆို ဘဝမှာမရှိရင်
မဖြစ်တော့တဲ့အထိ ဦးထယ်က သူ့ရဲ့အသက်သွေးကျောလို့ပင် ယူဆလို့ရသည်အထိ။ရုတ်တရက်ဆိုသလို တံခါးခေါက်သံနဲ့အတူအခန်းထဲဝင်လာတဲ့ အတွင်းရေးမှူးက ဝင်လာ
ရတဲ့အကြောင်းအရင်းကို မပြောဘဲ ဆူပုတ်ပုတ်လေးနဲ့မုန့်စားရင်းအတွေးလွန်နေသူ hoseok အား ပြုံးပြီးကြည့်နေတော့သည် ။ထိုအချိန် ဦးထယ်ရဲ့မျက်ခုံးတွေတွန့်ချိုးသွာ
ကာ ပုံမှန်ထက်တည်တင်းသွားတဲ့မျက်နှာနဲ့အတွင်းရေးမှုးဆီ အကြည့်စူးစူးနဲ့ ကြည့်နေ
တာကြောင့် ဦးထယ်ကိုကြည့်ကာ hoseok ကြိတ်ပြုံးလိုက်မိသည် ။ သူနဲ့ပတ်သတ်ရင် အရမ်းသဝန်တိုတက်တဲ့ သူတို့ Boss အကြောင်းမသိတာလည်း မဟုတ် ။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...