Part - 34 🌸

96 26 3
                                    


* ဒီအပိုင်းမှာ အမှားပါရင် ၊ လိုအပ်ချက်များ

တွေ့ရှိပါက သာသာ့အား ခွင့်လွှတ်ပေးကြပါလို့

ထပ်ပြီး တောင်ဆိုပါရစေ *




===============================





အလုပ်ကိစ္စနဲ့ ဦးထယ် US သွားတာ ဒီနေ့နဲ့ဆို ၆ရက်ရှိပြီး ။ အိမ်မှာ သူတစ်ယောက်ထဲဆိုတော့ စိတ်မချဘဲ သွားခါနီး နောက်ဆန်တင်းနေတာမို့ ဦးထယ်အလိုကျ ဦးထယ်မိဘတွေနဲ့ hoseok နေခဲ့ရသည် ။ ဦးထယ်က သူနဲ့အတူခေါ်သွားချင်ပေမဲ့ ဒီရက်ထဲကိုယ်လက်မအီမသာဖြစ်နေတဲ့ hoseok ကြောင့် မထားခဲ့ချင်ဘဲ ထားခဲ့ရတာဖြစ်သည် ။

တကယ်ခေါ်မယ်ဆိုရင်လည်း hoseok မလိုက်ချင်ပါ ။ ခြောက်လကျော်ပြီးဖြစ်တဲ့ ဗိုက်က သူ့အတွက်နေရထိုင်ရခက်ခဲလွန်းသည် ။ ကလေးဖွံ့ဖြိုးမှုနှုန်းမြန်တာကြောင့် ပုံမှန်တစ်ဦးကလေးလွယ်ထားရတဲ့ ကိုယ်ဝန်သည်မိခင်တွေထက် hoseok ဗိုက်လေးမှာ ပိုပြီးစူထွက်လာတော့
သည် ။ အခုဆိုအရင်ဝတ်နေကျ အင်္ကျီဖားဖားကြီးတွေထက် ပိုကြီးတဲ့ size တွေဘဲ ရွေးဝတ်
ရတော့တဲ့အထိ ဖြစ်နေကာ မသိရင်မွေးကာနီး ကိုယ်ဝန်သည်တစ်ယောက်လို ဖြစ်နေတော့
သည် ။ဒယ်ဒီနဲ့ မာမီအပြင် ကြီးမေတို့အကုန်လုံးရဲ့ဂရုစိုက်မှုတွေကြောင့် နေမထိလေမထိအသား အရည်လေးဟာ ဦးထယ်ထားခဲ့တဲ့အတိုင်း ဖွေးဥနေတဲ့အပြင် မာမီက သူစားချင်တာမှန်သမျှ
အလိုလိုက်ပြီး ကိုယ် တိုင်ပြင်ဆင်ကျွေးမှုတွေကြောင့် ဦးထယ်ပြန်လာရင်သူ့အား ဝက်ပေါက်လေးလို့ စ မှာမြင်ယောင်သေးသည် ။


" သားငယ်လေးရေ..."


မာမီခေါ်သံကြောင့် အတွေးတွေကို ရုတ်သိမ်း
ပြီးအိပ်နေရာက ထထိုင်လိုက်သည် ။ အခုသူရောက်နေတဲ့အခန်းဟာ ဦးထယ် မာမီတို့နဲ့အတူတူနေတဲ့အချိန်က ဦးထယ်နေခဲ့တဲ့ အခန်းဖြစ်သည် ။ သူနဲ့မတွေ့ခင် ဦးထယ်က ဒီမှာလည်းနေသလို ဟိုဘက်အိမ်မှာလည်း တစ်ယောက်ထဲသီးသန့်နေတက်သည်။
အလုပ်နဲ့ပိုနီးတော့ အလုပ်ကြားထဲနှစ်နေတဲ့
ဦးထယ်အဖို့ ဟိုဘက်အိမ်က သီးသန့်နေရာ
လေးဖြစ်ပုံရသည် ။ ပြီးတော့ သူက ဦးထယ်ရဲ့သီးသန့်အိမ်လေးထဲ ပထမဦးဆုံး ဦးထယ် ကိုယ်တိုင်ခေါ်သွားခြင်းခံရသူတဲ့ ။ ကြားကြားခြင်း မယုံရဲခဲ့ပေမဲ့ ဦးထယ်ရဲ့အချစ်ဦးဖြစ်တဲ့ အကိုလေးက hoseok ထက်နောက်မှ ရောက်ဖူးခဲ့ကြောင်း ပြောပြမှ အံ့သြလို့မဆုံးဖြစ်ခဲ့ရသေးသည် ။ အခုဒီအိမ်က ဦးထယ်ရဲ့ အခန်း
ထဲကိုလည်း မိသားစုဝင်ကလွဲရင် hoseok
က ပထမဦးဆုံးဝင်ရသူ ဖြစ်ခဲ့ရပြန်သည် ။

🌸 ဦးထယ် 🌸Where stories live. Discover now