* နောက်ကျသွားတယ် သဲလေးတို့ရယ်
ခုဘဲအားလို့ အမြန်တင်ပေးလိုက်ပြီးနော် *
===============================
ကုမ္ပဏီရှေ့ ထိုးရပ်လိုက်တဲ့ ကားအမဲပေါ်မှ
အရင်ဆင်းလာသူဟာ အရမ်းမိမိုက်နေပြီး
All black ကိုသာဝတ်ဆင်ထားတာကြောင့် တည်ကြည်ခန့်ညားနေပုံဟာ မျက်စိမလွှဲချင်စရာ ။ အဲ့ဒီလူက သူတို့ရဲ့နှစ်ယောက်မရှိတဲ့ CEO KIM ။မိန်းခလေးတွေအပြင် ယောကျ်ားလေးတွေရဲ့ အသည်းကိုပါ အကြည့်တစ်ချက်နဲ့တင်နုတ်ယူနိုင်သူတစ်ယောက်လည်းဖြစ်သည် ။တည်ကြည်
အေးစက်ပြီး ရှုပ်ပွေခြင်းကင်းစွာ နေထိုင်တက်တဲ့အပြင် စီးပွားရေးလောက၌လည်း အရှုပ်
အရှင်းကင်းသည် ။ အဲ့လိုလူမျိုးကို ဘယ်သူ
ကများ မပိုင်ဆိုင်ခြင်ဘဲ နေပါ့မလည်း ။
ပိုင်ဆိုင်ခြင်သူတွေမှ လက်ညှိုးထိုးမလွဲနိုင် ။
ဒါမဲ့ စိတ်မကောင်းစရာက သူ့နှလုံးသားထဲ
သူ့အမျိုးသားငယ်လေးကလွဲရင် ဘယ်သူကိုမှ အဝင်မခံခဲ့တာဖြစ်သည် ။CEO KIM ဟာကားပေါ်က ဆင်းပြီးတာနဲ့
ထပ်ပြီးဆင်းလာမဲ့သူလေးအား ဂရုတစိုက်
တွဲခေါ်လိုက်ပုံမှာ အားကျဖို့ကောင်းလွန်းနေ
သည် ။ ဗိုက်လုံးလုံးလေးနဲ့အမျိုးသားလေး
သည်လည်း အရမ်းလှလွန်းကာချစ်ဖို့ကောင်းနေသည် ။ အဖြူရောင်ဝမ်းဆက်လေးဖြင့်
ဘာအလိုမကျဖြစ်နေမှန်းမသိပေမဲ့ ဆူပုတ်
ပုတ်မျက်နှာလေးကပင် မြင်တဲ့သူတိုင်းပြုံး
သွားစေတဲ့အထိ ။ တည်ငြိမ်အေးစက်သူကြီးဟာလည်း ဆူပုတ်ပုတ်အမျိုးသားလေးအား
တဖွဖွချော့နေပုံဟာ နေနဲ့လ ယရွှေနဲ့မြလိုပင်
လိုက်ဖတ်လွန်းနေခဲ့သည် ။အံ့သြစရာတစ်ခုက သူတို့ရဲ့ CEO ကြီးဟာ
သူ့အမျိုးသားလေးအား ဘယ်လောက်သည်းလည်းဆိုရင် သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်၌ သူ့အမျိုးသားငယ်လေးရဲ့ ပုံတွေအား နေ့တိုင်း
တစ်ရက်မလွှတ်အောင် တင်ပြီးကြူးတက်
သူလည်း ဖြစ်သည် ။ Profile ပုံတောင် ဗိုက်ဗိုက်လေး စိတ်ကောက်နေတဲ့ ပုံကို ထားတယ်
ဆိုမှတော့ သူ့အမျိုးသားလေးအား ဘယ်လောက်သည်းသည်းလှုပ်လည်းဆိုတာ ပြောစရာပင်မလိုတော့ ။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...