* ခုဘဲအားလို့ အမြန်ဆုံးတင်ပေးလိုက်ပြီးနော်
စာလုံးပေါင်း မစစ်အားတော့လို့ အမှားပါရင်
ခွင့်လွှတ်ပေးကြပါ *
===============================
" မငိုပါနဲ့ သားငယ်လေးရယ်...
လက်က တော်တော်နာနေတာလား..
ပြပါအုံး မာမီ့ကို.."ဝမ်းနည်းတာကြောင့်ရော မာမီ့ဘက်က သူ့အပေါ်ဒီလိုဆက်ဆံလိမ့်မယ်လို့ မထင်ထား
တာရော လက်နာတာရော ပေါင်းပြီး hoseok
ငိုချလိုက်မိသည် ။ သူ့အပေါ်ခါးခါးသီးသီးဖြစ်နေတဲ့မာမီဟာ ခုလိုမျိုးဆက်ဆံလာခဲ့မယ်လို့ ဘယ်တော့မှမမျှော်လင့်ရဲ့ခဲ့ပေ ။ အဲ့လိုမမျှော့်
လင့်ထားတဲ့သူဆီက ခုလိုသူ့အား စိုးရိမ်သံနဲ့
မေးလာတဲ့အချိန် hoseok နာနေတဲ့လက်ကို ထုတ်ပြလိုက်ခဲ့ပေမဲ့ ဘာမှပြောမထွက်လောက်တော့တဲ့အထိ အံ့သြနေမိ၏ ။ တစ်ကယ်လို့ ဒါတွေက ဟန်ဆောင်နေတယ်ဆိုရင်တောင် မာမီ့အပေါ် အပြစ်တင်ခြင်းမရှိဘဲ hoseok ဝမ်းသာနေမိမှာအမှန်။ ဒါမဲ့ ဟန်ဆောင်ခြင်းမရှိတဲ့ မာမီ့မျက်ဝန်းတွေကသူ့အား အံ့သြပြီးပျော်ရွှင်စေဖို့ လုံလောက်သည် ။ ဦးထယ်မေမေကို ဦးထယ်ခေါ်သလိုမျိုး မာမီလို့ခေါ်ချင်ခဲ့တဲ့ သူ့ရဲ့ဆန္ဒလေး ခုတော့ပြည့်ပြီးဆိုတဲ့အသိက ပါးပြင်
ထက် မျက်ရည်တွေမပျတ်စေဖို့ နိုးစော်ပေးနေသလို ။ ပြောင်းလဲသွားတဲ့ကံကြမ္မာကိုလည်း ကျေးဇူးအရမ်းတင်မိသည် ။ သူ့အတွက်ကံကောင်းခြင်းတွေ သယ်ဆောင်လာခဲ့ပေးလို့ ။" အရမ်းငိုနေတာဘဲ..သားရယ်
လက်က အရမ်းနာနေတာလာ.."" ဟင့်..သား..ဟင့်...သားကို စိတ်မဆိုး
တော့ဘူးလာဟင်...မုန်းလည်း..ဟင့်..
မမုန်းတော့ဘူးလာ..ဟင့်.."အမေးနဲ့အတူ အဖြေကပြန်မလာဘဲ ငိုရင်းပြန်မေးလာတာမို့ Kim Bora သက်ပြင်းအသာချလိုက်သည် ။ သူ့ရဲ့အတ္တတွေက ဒီခလေးအပေါ်သက်ရောက်မှုပြင်းထန်စေခဲ့ပြီး စိတ်ထဲအဆိုင်အခဲတစ်ခုဖြစ်သွားခဲ့ပုံရသည် ။
ဒီအတောအတွင်း သူလည်း သူ့အတ္တတွေကို တက်နိုင်သလောက်ဆေးကျောခဲ့ပြီး သူ့အမှားတွေအတွက် ဒီခလေးကို တောင်းပန်ပြီး ပြေပြေလည်လည်နေဖို့ဆုံးဖြတ်ကာ ဒီနေ့ဒီကိုရောက်လာခြင်းဖြစ်သည် ။ သူ့စကားအလာ
အား မျှော်လင့်တကြီးစောင့်နေတဲ့ မျက်ရည်
တွေနဲ့ မျက်ဝန်းလှလှလေးတွေအား အကြည့်ခြင်းဆုံစေလိုက်ပြီး လက်ခလေးတွေကို သူမလက်ဖြင့် အုပ်ကိုင်ကာ...
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...