* လိုအပ်ချက်တွေရှိရင် သာသာ့ကိုခွင့်လွှတ်ပေး
ကြနော်မအားတဲ့ကြားက လာတင်ပေးတာကြောင့် စာလုံးပေါင်းလည်း မစစ်ခဲ့ရဘူး
အမှားတွေပါခဲ့ရင် ထပ်ပြီးတောင်းပန်ပါရစေ *
============================
" ဘာတွေဖြစ်ခဲ့လည်းဆိုတာ..
ငါ့ကိုအကြောင်းစုံပြောပြ! "ဟန်နာတစ်ယောက် Boss ရဲ့အေးစက်စက် လေသံကြောင့် ကြောက်ဒူးတွေပါတုန်လာခဲ့သည် ။ ဖြစ်ပျတ်သမျှ အကြောင်းစုံကို ပြန်
ပြောပြရင်းBoss ရဲ့ခက်ထန်နေတဲ့မျက်နှာ
ကြောင့် ဇောချွေးတွေပါ ပြန်လာရသည် ။ အကြောင်းစုံရှင်းပြပြီးမှ ဟန်နာတစ်ယောက်သက်ပြင်းအသာခိုးချလိုက်၏ ။သူပြောနေတဲ့တစ်လျှောက် boss ကသူ့ကို
မကြည့်ဘဲ နားသာနားထောင်နေ၏ ။
နားထောင်ရင်း ပွေ့ချီထားတဲ့ အကိုလေးကို
သာ စိိုးရိမ်စိတ်တွေနဲ့တောက်လျှောက် ကြည့်
နေခဲ့သည် ။ အဲ့ဒါကြောင့်ဘဲ ဟန်နာမှာ ဖြစ်ခဲ့တာမှန်သမျှ အမြန်ဆုံးရှင်းပြနိုင်ခဲ့တာဖြစ်
သည် ။ မဟုတ်ရင် သူအခုလိုရှင်းပြနိုင်လိမ့်
မယ်လို့ မထင်ပါ ။ boss ရဲ့အေးစက်စက်မျက်နှာကိုသာ ရင်ဆိုင်ပြီး ပြောရမယ်ဆိုရင်
ဒီနေတင်ဘဲ ပြာကျသွားနိုင်လောက်၏ ။ထိုအချိန် boss ရဲ့အတွင်းရေးမှူးကအခန်းထဲ အလောတကြီးဝင်လာပြီး သူ့နောက်မှာလည်းအသက်ကြီးကြီးလူတစ်ယောက်နဲ့အတူ boss
ရဲ့ရှေ့နေလည်းပါလာခဲ့သည် ။ ဒါကိုမြင်တော့ ဟိုလူမျက်နှာချက်ချင်းပျတ်သွားသလိုအတွင်းရေးမှုးနဲ့အတူပါလာတဲ့ အသက်ကြီး
ကြီးလူကလည်းထိုလူ့အား စိတ်ပျတ်သလို
ကြည့်နေ၏ ။" boss...ခေါ်ခိုင်းထားတဲ့လူတွေရောက်ပါပြီး "
" အွန်း...အခုလို ရှေ့နေကြီးနဲ့ Uncle ကို အရေးတကြီးခေါ်လိုက်ရတဲ့အတွက် အားနာ
ပါတယ် "" ရပါတယ်..သခင်လေး "
" ရပါတယ် CEO Kim ရယ်....ဘာတွေ
ဖြစ်မှန်းမသိပေမဲ့ အခုကိစ္စက Uncle သားကြောင့်ဆိုUncle ကဘဲ အရင်ဆုံးတောင်း
ပန်ပါရစေ "
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...