Part - 35 🌸

122 26 10
                                    




* အားလုံးဘဲ သာသာမနက်ဖြန်ကျရင် အလုပ်

နားချိန်မရှိတာကြောင့် တစ်ရက်နားမယ်နော်

အဲ့ဒီအတွက် ဒီအပိုင်းကို အခုတစ်ခါထဲ တင်ပေး

လိုက်ပါတယ် ၊ အားလုံးကို အရမ်းချစ်တယ် *










===============================




သူတို့ပြန်ရောက်ချိန် မှောင်နေပြီးဖြစ်
တာကြောင့်သူတို့ကမ္ဘာလေးဟာ သူတို့
နှစ်ယောက်အား တိတ်ဆိတ်မှုတွေဖြင့်
ဆီးကြိုနေ၏ ။ဒီအိမ်မှာကြီးမေကလွဲပြီး
ကျန်တဲ့အလုပ်သမားတွေရှိနေတာကြောင့်
အမြဲသန့်ရှင်းလုပ်ဖို့ မှာထားတဲ့အတွက်
သူတို့ပြန်ရောက်ချိန် အိမ်တစ်ခုလုံးဟာ
သန့်ပြန့်နေတော့သည် ။ ဗိုက်ဗိုက်လေးကို
တွဲပြီး အိပ်ခန်းဆီတက်လာတော့ ဗိုက်ဗိုက်
လေးရဲ့မျက်နှာဟာ နီရဲလို့နေသည် ။ ၁၀ ရက်
ဘဲမတွေ့ရသေးတဲ့ ယောကျ်ားကို ရှက်နေပြန်
ပြီး ဒီပိုးတုံးလေးကတော့ ။



" ဖြည်းဖြည်း...ခလေးလေး.."



အခန်းထဲရောက်တော့ မွေ့ယာပေါ်ပေးထိုင်ပြီး ဆိုတော့ taehyung ထားတဲ့အတိုင်း ငြိမ်ငြိမ်လေးနေကာ ဘာစကားသံမှထွက်မလာခဲ့ ။ taehyung ခေါင်းအသာယမ်းကာ အပေါ်
အင်္ကျီကုဒ်ကို ချွတ်ပြီးအရှက်သည်းနေသူလေးနား ဝင်ထိုင်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ ခန္ဓာကိုယ်လုံးလုံးလေးက တစ်ချက်တွန့်သွား
ပြီးနောက် ရင်ခွင်ထဲ အလိုက်တသိလေးတိုးဝင်လာ၏ ။ တကယ် ဒီအကောင်ပေါက်လေးကို taehyung အသည်းယားလွန်းလို့ ဘယ်လို့
လုပ်ရမလည်းမသိတော့ ။ ပိုပြီးပြည့်လာတဲ့ ကိုယ်လုံးလေးက အသည်းယားစရာအတိ ။ နောက်ဆုံးမနေနိုင်တောတဲ့ taehyung ကဘဲ ပိုးတုံးလုံးလေးအား စကား'စ'ရတော့သည် ။ သူမစမခြင်း ဒီပိုးတုံးလေးက စဖို့အစီအစဥ်
မရှိပါ ။


" ကိုယ့်သဲလေး....."



" ...... "



" ကိုယ့်သဲငယ်လေးက..ကိုယ့်ကိုစကား
တောင်မပြောတော့ဘူးလား..ဟင်..."



တကယ်တော့ hoseok ဦးထယ်ကို စကားမပြောနိုင်သေးပါ ။ ၁၀ ရက်ကျော်လောက် ခွဲနေ
ခဲ့ရတာမို့ အရမ်းလွမ်းနေခဲ့ပြီး အခုလိုနှစ်ယောက်ထဲဖြစ်နေချိန်စိတ်လှုပ်ရှားနေမိသည် ။ ရီဝေဝေအကြည့်တွေကိုရင်ခုန်ရလွန်းလို့ မကြည့်မိအောင်‌ နေနေရသည် ။ လွမ်းနေခဲ့ရတဲ့ ချိုသာတဲ့အသံတွေကြားရင်ခုန်သံတွေအား ဦးထယ်
မကြားဖို့ဆုတောင်းကာ ဘာမှမဖြေနိုင်တဲ့အဆုံး တောင့်တင်းနေတဲ့ရင်အုပ်ကြား မျက်နှာကိုဖွတ်ထားမိတော့ ခပ်အပ်အပ်ရယ်သံအား ကြားလိုက်ရသည် ။ ထို့နောက် hoseokအား ခပ်တင်း
တင်း ပြန်လည်ဖတ်ထားရင်း.....



🌸 ဦးထယ် 🌸Where stories live. Discover now