Chapter 5
Ei Thet HmueApril 06, 2024
🫅Chapter 5
(ငွေအိုးကိုမြှုပ်နှံခြင်း)
ပန်းဟွာက ဝေါယဉ်မှ ဆင်းကာ လာနှုတ်ဆက်သည့် အစေခံအား မေးလိုက်သည်။
“ပန်းဟမ်ပြန်လာပြီလား”
"ရှန့်ကျွင်း၊ မြို့စားမင်းက လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ပြန်လာပါတယ်...အခု သူ စာဖတ်နေပါတယ်"
"စာဖတ်နေတာလား"
ပန်းဟွာ မျက်ခုံးပင့်လိုက်သည်။ သူမ၏ မောင်ဖြစ်သူသည် စာကျက်ပြီးသည်နှင့် မူးဝေတတ်သည်။ သူ့စိတ်ကို တည်ငြိမ်စေပြီး စာအုပ်တစ်အုပ်ကို ဖတ်နိုင်လျှင် အနောက်က နေထွက်လာသလိုပင်။
"သွားရအောင်...ငါ သူ့ကိုကြည့်ချင်တယ်"
သူမ စာကျက်ခန်းတံခါးဆီသို့ လှမ်းလာသည်နှင့် တပြိုင်နက် ပန်းဟမ်၏ ကျယ်လောင်စွာ စာဖတ်နေသည့် အသံကို ကြားလိုက်ရသည်။
"ကွန်ဖြူးရှပ်က ပြောတယ်... တခြားသူတွေ သူတို့ကိုယ်သူတို့ နားမလည်တာကို မင်း စိတ်မပူပါနဲ့တဲ့…မင်းကို သူများတွေက နားမလည်တာကိုပဲ တွေးပူပါတဲ့…"
သူမ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် စာဖတ်နေသည့် ပန်းဟမ်ကို တွေ့လိုက်ရသည်။ သူမ လက်ပိုက်ထားကာ အေးအေးဆေးဆေးပြောလိုက်သည်။
"ဟန်ဆောင်မနေနဲ့…လက်ထဲမှာ "ဝတ်ပြုကျမ်း" ကို ကိုင်ထားရင်း "ကွန်ဖြူးရှပ်ရဲ့စကားများ' စာအုပ်ထဲက စာသားကို ရွတ်နေပါလား...နင်ကတော့ တစ်ကယ်ကို လူထူးဆန်းပဲ"
“ေအာင်မာ...ကျွန်တော်က ရောစပ်စာဖတ်နည်းနဲ့ လေ့လာနေတာ...မျက်လုံးက ဘုရားဝတ်ပြုစာအုပ်ကိုဖတ်နေပေမယ့်ကျွန်တော့်ပါးစပ်က ကွန်ဖြူးရှပ်ရဲ့ စာသားကို ရွတ်နေတာလေ... ဒီလိုနည်းလမ်းမျိုးက ကျွန်တော့်ရဲ့မှတ်ဉာဏ်ကို တိုးတက်အောင် ကူညီပေးနိုင်တယ်...အစ်မက မိန်းကလေးလေ...ဒါတွေ ဘယ်သိမှာလဲ"
ပန်းဟမ်သည် ရှက်ရွံ့ခြင်းမရှိဘဲ လိမ်ညာနေတာ မဟုတ်သလိုပင် ခပ်တည်တည်ဖြင့်ပြောလေသည်။ ပန်းဟွာက မျက်ခုံးပင့်လိုက်သည်။
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...