chapter 14

980 107 0
                                    

Chapter 14
Ei Thet HmueApril 06, 2024
🫅

Chapter 14

(သူက ငါ့မောင်လေးပဲ)

"ဒီလူရိုင်းတွေက အသားစိမ်းစားပြီး သွေးသောက်ကြတယ်လို့ ငါကြားဖူးတယ်၊သူတို့က အရမ်းရိုင်းစိုင်းပြီး ငါတို့ရဲ့ သာယာဝပြောတဲ့တိုင်းပြည်ကို လောဘကြီးပြီး လိုချင်နေကြတာတဲ့၊ ကျင့်ထင်နယ်စားမင်းက လူရိုင်းတွေနဲ့ အပေးအယူလုပ်တာ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား"

ခန်းနင်ကျွင်းကျူးက မတ်တပ်ထရပ်ပြီး ပန်းဟွာကို ပြောဆိုလိုက်သည်။

"ငါက တခြားဘာကိုမှ မဆိုလိုပါဘူး၊နင် ပိုသတိထားနိုင်မယ်လို့ပဲ ငါမျှော်လင့်တာပါ"

ပန်းဟွာက ခန်းနင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။   

"အပေးအယူ ဟုတ်လား"

ပန်းဟွာက တည်ငြိမ်စွာ ထိုင်နေပြီး ပြုံးနေသေးသည်ကို ခန်းနင် မြင်နေရသည်။

"ဟုတ်တယ်၊ ငါတို့လိုလူတွေက သူတို့လိုလူရိုင်းမျိုးနဲ့ မဆက်ဆံသင့်ဘူး ..ငါတို့က ငါတို့စားချင်တာမှန်သမျှ ပြောလိုက်တာနဲ့ စားပွဲရှေ့အသင့်ရောက်စားခွင့်ရတဲ့ သူတွေလေ"

ပန်းဟွာ အံ့သြသွားသည်။

  "မင်းသမီး ခန်းနင် ဘာတွေတွေးနေတာလဲ"

ထိုစဉ် ဧကရီက ပြုံးပြီးပြောသည်။

"ဟွာဟွာ ပြောတာ မှန်တယ်၊ ကောင်မလေးတွေ၊ ဒီအရာတွေအတွက် စိတ်ပူနေစရာ မလိုပါဘူး၊ခန်းနင် ကလေးမ၊ အရာအားလုံးက အဆင်ပြေနေတာပါ၊သမီး အတွေးများနေပြီ"

ဧကရီ၏စကားများသည် ခန်းနင် မျက်နှာကို ပုတ်ခတ်လိုက်သလိုပင်။  လက်မထပ်ရသေးသော မိန်းကလေး တစ်ယောက်ကို အတွေးများ နက်နဲလွန်းသည်ဟု နိုင်ငံ၏မိခင်က ဝေဖန်နေသည်။ဤသည်က ချီးကျူးစရာတစ်ခုမဟုတ်ပေ။ ခန်းနင်၏ နှလုံးသားသည် မုန်းတီးမှုဖြင့် မီးတောက်နေပြီဖြစ်သော်လည်း  ပြန်မပြောနိုင်ဘဲ ဧကရီကို ဦးညွှတ် အရိုအသေပေးလိုက်ရ၏။

 

" ဧကရီရဲ့အကြံဉာဏ်အတွက်ကျေးဇူးတင်ပါတယ်"

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now