chapter 60

500 84 0
                                    

Chapter 60
Ei Thet HmueApril 21, 2024

Chapter.60

"အစ်မကို ကျွန်တော် အရမ်းစိတ်ပျက်တယ်"  ပန်းဟမ်သည် ပန်းဟွာကို မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"ဘာလို့ နည်းနည်းလောက်ထပ်ပြီး အချိန်မဆွဲရတာလဲ၊ ယောက်ျားတွေက ဘယ်လောက်တောင် ချစ်လဲဆိုတာ သိနိုင်ဖို့ မိန်းကလေးတွေဘက်က ညှဉ်းပန်းနှိပ်စက်ဖို့ လိုတယ်၊ နားလည်လား"

ပန်းဟွာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

  "နင် ငါ့ကို အပြစ်မတင်ပါနဲ့....သူက အရမ်းကြည့်ကောင်းတာကို ငါဘယ်လိုငြင်းရမလဲ"

ပန်းဟမ်က စိတ်အားထက်သန်စွာပြောသည်။

"လူတစ်ယောက်ကို ရုပ်ရည်အသွင်အပြင်နဲ့ အကဲဖြတ်လို့ မရဘူး၊ သူ့အတွင်းစိတ်ကိုလည်း ကြည့်ရမယ်...ကျွန်တော် ကိုယ်တိုင်က ယောက်ျားတစ်ယောက်ပါ၊ ယောက်ျားတစ်ယောက် ဘာတွေတွေးနေလဲဆိုတာ ကျွန်တော်တောင် မသိနိုင်ဘူး"

"အင်း သူ့မှာရော ဘာအကြံအစည်တွေ ရှိနေပါလိမ့်...နင် သိလား...ဆက်ပြောစမ်း...."

"ယောက်ျားတစ်ယောက်ရဲ့ စကားတွေက ဘယ်လောက်ပဲကောင်းနေပါစေ၊ မယုံရဘူး...အရေးကြီးတာက သူ့လုပ်ရပ်ပဲ...."  ပန်းဟမ် ခဏမျှ တိတ်ဆိတ်သွားသည်။  "ဘာပဲဖြစ်ဖြစ် သူက အစ်မကို ကျွန်တော့်လို ကောင်းပေးမှာ မဟုတ်ဘူး"

"ဟုတ်ပါတယ်”

"အဟွန်း...သေချာတာပေါ့....မဟုတ်ဘူး၊ အစ်မ စကားလမ်းကြောင်း မပြောင်းစမ်းနဲ့၊အစ်မ ရုံရှားကို တကယ်ကြိုက်တာလား... အစ်မ သူ့ကို မကြိုက်ရင် ကျွန်တော်တို့ စေ့စပ်ပွဲကို ဖြတ်လိုက်မယ်၊ အစ်မ နစ်နာမှာထက် သူနဲ့ပဲ မျက်နှာပျက်လိုက်ကြတာပေါ့"

"ဟင့်အင်း၊ သူက တော်တော်လေး သင့်တော်တယ်လို့ ငါထင်တယ်၊သူ့မိသားစုမှာ လူကြီးမရှိဘူးဆိုတော့ ငါက သူနဲ့လက်ထပ်ပြီးလည်း မိဘတွေနဲ့ ပြန်သွားနေချင်ရင် တားမှာမဟုတ်ဘူး၊ပြီးတော့ မြို့တော်တစ်ခုလုံးမှာ သူ့ထက် ရုပ်ပိုချောတဲ့သူ မရှိဘူး၊ သူ့ကိုလက်ထပ်လိုက်တာနဲ့ ငါ့အတွက် ဘာမှ ဆုံးရှုံးနစ်နာစရာမရှိဘူး၊ သူ ငါ့ကို မကောင်းပေးရင် ငါကွာရှင်းပြီး အိမ်ပြန်လာလို့လည်းရတယ်"

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now