chapter 85

280 55 0
                                    

Chapter 85
Ei Thet HmueApril 30, 2024

Chapter.85

ဧကရာဇ်ယွင်ချင်၏ မျက်နှာထက်ဝယ် ဒေါသရိပ်ယောင်များဖြင့် ပြည့်နှက်နေသေးသည်။

"ဝမ်းကွဲညီတော် ရှောင်နိုင်ခဲ့တာကံကောင်းတာပဲ၊လူဆိုးတွေက ရက်စက်လွန်းတယ်"

အိမ်ရှေ့စံမင်းသမီး စိတ်ပျက်သွားရသလား၊ သို့မဟုတ် တခြားအရာတစ်ခုခုကြောင့်လားမသိ။ သူမ ခေါင်းကို လှည့်ပြီး ရှဲ့ဝမ်ယွီကို ကြည့်လိုက်သည်။ရှဲ့ဝမ်ယွီသည် အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေပြီး သူမ မျက်နှာမှာ ဘာခံစားချက်မှမရှိ။  ဧကရာဇ်နှင့် ဧကရီတို့သည် ပန်းမိသားစုအား အလွန်စိုးရိမ်ကြသည်ကို မြင်သောကြောင့် အိမ်ရှေ့စံမင်းသမီးက နှစ်သိမ့်စကားဆိုသည်။

"အရှင်မင်းကြီးနဲ့ ဧကရီတို့က ပန်းမိသားစုအတွက် အရမ်းစိုးရိမ်ကြတာကို ကောင်းကင်ဘုံက သိပါတယ်၊ပန်းမိသားစုဝင်တစ်ယောက် တစ်ခုခုဖြစ်သွားမှာကို ကောင်းကင်ဘုံက လက်မခံနိုင်လို့ ပန်းမိသားစုကို ကာကွယ်ပေးခဲ့တာဖြစ်မယ်"

ရှဲ့ဝမ်ယွီကလည်း ဝင်ပြောသည်။

"အိမ်ရှေ့စံမင်းသမီး ပြောတာမှန်တယ်…ကောကုန်းကျင့်ထင်က တကယ်ကံကောင်းတာပါ"

ဧကရာဇ် ယွင်ချင် ဤသည်ကို မငြင်းချင်ပေ။သူ့မှတ်ဉာဏ်ထဲမှာလည်း ပန်းဟွိုက်၏ကံတရားက အမြဲကောင်းနေခဲ့သည်။ပန်းဟွိုက် ဒုက္ခရောက်တိုင်း သူ့ခမည်းတော်က ကူညီဖေးမတတ်သည်။မင်းသားဟွေ့က သူ့ကို မကောင်းကြံတိုင်း ပန်းဟွိုက်နှင့်အတူ ရှိနေပါက၊ မင်းသားဟွေ့လည်း အကောက်ကြံ၍မရချေ။ထိုသို့တွေးပြီး ဧကရာဇ် ပြုံးလိုက်သည်။

"သူက အရီးတော်ရဲ့သားနဲ့  တော်ဝင်‌မျိုးနွယ်ရဲ့ မြေးတော်စပ်တာလေ၊ သူ့ကို ကောင်းကင်ဘုံကတောင် ကာကွယ်ထားတယ် ဆိုတဲ့သဘောပဲ"

ဧကရီက သက်ပြင်းချလိုက်ရင်း 

"ဟုတ်တယ်၊ ပျင်းရိတဲ့သူတွေက သိပ်ကံကောင်းတယ်လို့ ကြားဖူးတယ်"

"အရှင်မင်းကြီး၊ ဧကရီ....ကျွန်မ ပြန်ရောက်လာပါပြီ"

ထိုစဉ် ပန်းဟွာ အမြန်ထွက်လာသည်။ ယခုဆို သူမသည် အဝတ်အစားလဲပြီး ဖြစ်ကာ ဆံပင်ကိုလည်း ကောင်းစွာဖြီးသင်ထားသည်။ဧကရီပြောသလိုပင်၊ဤဝတ်စုံက သူမနှင့် အလွန်လိုက်ဖက်သည်။သူမအတွက် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားသလိုပင်။

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now