Chapter 29
Ei Thet HmueApril 06, 2024
🫅Chapter.29
မဟာတော်ဝင်ဆောင်၏ အတွင်းနှင့် အပြင်ကို အကြိမ်ကြိမ် သန့်စင်ပြီးဖြစ်သော်လည်း အိမ်တော်ထိန်းများသည် အနားမယူဝံ့ရဲကြသေးပေ။ ပိုးကောင် သေးသေးလေး တစ်ကောင်ကိုပင် မလွတ်ရအောင် နေရာတိုင်းအား စစ်ဆေးကြသည်။
ပန်းဟွာနှင့် ပန်းဟမ် ရောက်ရှိလာသောအခါ မဟာတော်ဝင်ဆောင်ကို သုံးလေးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်သည်။ မောင်နှမနှစ်ယောက်သား အစေခံများကိုလည်း ချီးကျူးစကားဆိုပြီး တော်ဝင်မင်းသမီးနှင့် တွေ့ကြသည်။
"သမီးတို့ ရောက်လာတိုင်း အစေခံတွေ ဘာလို့ အရမ်းပျော်နေကြတာလဲ မှတ်နေတာ၊ သမီးတို့က သူတို့ကို ကောင်းကောင်းပြောပြီး ချီးကျူးပေးတာကိုး"
တော်ဝင်မင်းသမီးသည် တွဲလောင်းကျနေသော ဆံထိုးလှလှတစ်ခုကို ၀တ်ထားသဖြင့် ငယ်ရွယ်ဖျတ်လတ်ပြီးသဘောကောင်းပုံပေါက်နေ၏။
"ဟွာဟွာ၊ သမီးလက်ကို မြန်မြန်ကြည့်ရအောင်…ဘယ်လိုဖြစ်တာလဲ"
တော်ဝင်မင်းသမီးက ပန်းဟွာ၏ အင်္ကျီလက်ကို လှန်ကြည့်လိုက်ရာ ဖြူဖျော့သော အနီကွက်တစ်ချို့ကို တွေ့ရလေသည်။ပန်းဟွာ၏ ဖြူဥသော အသားအရည်ကြောင့်သာ မဟုတ်ပါက၊သေချာ မြင်ရန် မဖြစ်နိုင်သလောက်ပင်။
ဒဏ်ရာများကိုမြင်၍ တော်ဝင်မင်းသမီးအရာအားလုံးကို သဘောပေါက်သွားသည်။တရားခံက တခြားသူမဟုတ်၊ပန်းဟွာကိုယ်တိုင်ပင်။သူမ ပန်းဟွာ၏ အင်္ကျီလက်ကို ပြန်ဆွဲချပြီး ဖုံးအုပ်လိုက်ကာ ပြုံးပြီး "သမီးက........"
ထိုစဥ် ပန်းဟွာက တော်ဝင်မင်းသမီးကို ပွေ့ဖက်လိုက်သည်။
"သူက ဘာလို့ သမီးကို စကားကြမ်းကြမ်းတမ်းတမ်းပြောလဲ၊ သမီး သူ့ကို အကြိမ်ပေါင်းများစွာ သင်ခန်းစာပေးပြီးပြီ၊ ဒါပေမယ့် သူက အခုထိ နားမလည်သေးဘူး၊ ဒါကြောင့် သူ့ကို ကံဆိုးခြင်းရဲ့ အဓိပ္ပါယ်ကို ပြလိုက်တာ၊ သူသာ သမီးကို မနှောင့်ယှက်ရင် သူနဲ့ငြင်းခုံဖို့ စိတ်၀င်စားမှာကိုမဟုတ်ဘူး"
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...