chapter 65

429 73 0
                                    

Chapter 65
Ei Thet HmueApril 22, 2024

Chapter. 65

ရုံရှား မျက်နှာပေါ်မှ အပြုံးသည် ခဏမျှ အေးခဲသွားသော်လည်း မျက်လုံးတစ်မှိတ်အတွင်း ပြန်ပြောင်းသွား၏။ ထို့နောက် သူက ထိတ်လန့်တကြား မေးသည်။

"ဒါဆို အလှပဆုံး ဒေါင်းတွေက ဒေါင်းမ,တွေ မဟုတ်ဘူးလား၊ကိုယ် မှားသွားတယ်၊မင်းကို တွေ့တိုင်း အဲ့ဒီ အမြီး အရမ်းလှတဲ့ ဒေါင်းလေးတွေကိုပဲ ပြေးမြင်မိတာ"

"ရပါတယ်၊ လှတဲ့ဒေါင်းတွေက အထီးတွေချည်းပဲဆိုတာ ရှင် မသိတာ ကိစ္စမရှိပါဘူး" ပန်းဟွာက ရုံရှားကို လေးလေးနက်နက် နှစ်သိမ့်ပေးသည်။  "ကျွန်မတို့ နယ်ဘက်မှာရှိတဲ့ အိမ်ရဲ့ ခြံဝင်းထဲမှာ ဒေါင်းနည်းနည်းရှိတယ်၊နောက်တစ်ခါ ရှင့်ကို ခေါ်ပြဦးမယ်"

"အင်း... ကောင်းသားပဲ၊ အရင်တုန်းက ကိုယ့်ကို သင်ပေးတဲ့ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်၊အခုတော့ အဲ့ဒီဆရာအစား ဟွာဟွာက ကိုယ့်ဆရာမ ဖြစ်သွားပြီပဲ" သူ ပြောရင်းဆိုရင်း  ကျောင်းသားတစ်ဦးက ဆရာသမားအား ဦးညွတ်သလို ဦးညွတ်လိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ် ဆရာမဟွာဟွာ"

ပန်းဟွာ ပါးစပ်ကိုပိတ်ထားရင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။သူမ၏ မျက်ဝန်းများပင် လှိုက်လှိုက်လှဲလှဲ ပြုံးနေခဲ့သည်။နေရောင်က သူမဆံပင်ပေါ်မှာ တောက်ပနေပြီး တစ်ကိုယ်လုံးကိုလည်း လွှမ်းခြုံထား၏။ချစ်စရာကောင်းသော သူမကို ကြည့်ရင်း ရုံရှား၏ အကြည့်များက နူးညံ့လာသည်။  ————

ကျုံးဖျင်နယ်စားမင်း အိမ်တော်တွင် ရှဲ့ချီလင်းသည် ဧကရီနန်းတော်၏ ဘဏ္ဍာစိုး အကြီးအကဲက တခြားအငယ်တန်း မိန်းမစိုးများစွာနှင့်အတူ ထွက်လာသည်ကို မြင်လိုက်ရသည်။သူ တံခါးဝ  ဘေးမှာ ရပ်လိုက်ရာ၊တစ်ဖက်က စ,ပြီးနှုတ်ဆက်သည်။

"ဒုတိယသခင်လေးရှဲ့ နေကောင်းပါရဲ့လား" 

ဘဏ္ဍာစိုး အကြီးအကဲက နွေးထွေးသည့် အပြုံးနှင့်ပြောပြီး "ဧကရီက မိန်းကလေးရှဲ့ကို လက်ဆောင်ပေးလိုက်လို့ ကျွန်တော်မျိုး လာရခြင်းဖြစ်ပါတယ်"

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now