Chapter 62
Ei Thet HmueApril 21, 2024Chapter.62
"မသိဘူး"
အခန်းတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားကာ ရှစ်ကျင်း၏ အမူအရာမှာလည်း ပုံမှန်အတိုင်းပင် ငြိမ်သက်နေသည်။
"အစ်ကိုလည်း မေးကြည့်ပေမယ့် ရုံရှား ဘယ်သူနဲ့ စေ့စပ်ထားတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ဖြစ်နိုင်တာက..."
ရှစ်ကျင်းက ရှစ်ဖေးရှန့် အကြည့်ကို ရှောင်ဖို့ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။
"မြို့တော်က မိန်းကလေးမဖြစ်နိုင်ဘူး"
တယဲ့ရှိ ထင်ရှားသော မိသားစု အများစုသည် မြို့တော်တွင် စုဝေးနေကြသော်လည်း၊မြို့တော်တွင်သာ ထင်ရှားသော မိသားစုများအားလုံး နေထိုင်မည်ဟု မဆိုလိုချေ။
"တကယ်လား"
ရှစ်ဖေးရှန့်သည် ရှစ်ကျင်းကို သံသယဖြင့် ကြည့်လိုက်သည်။ ရှစ်ကျင်း ခေါင်းငုံ့ပြီး လက်ဖက်ရည်နှစ်ခွက် ငှဲ့လိုက်ကာ ရှစ်ဖေးရှန့်အား တစ်ခွက် ပေးပြီး နောက်တစ်ခွက်ကို သူ့ရှေ့မှာထားလိုက်၏။
"တောင်းပန်ပါတယ် အစ်ကို ညီမကို မကူညီနိုင်ခဲ့ဘူး"
"မဟုတ်ပါဘူး၊ ညီမကလည်း စိတ်မရှည်ဖြစ်သွားတာပါ"
ရှစ်ဖေးရှန့် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။လက်ဖက်ရည်သည် အနည်းငယ်အေးစက်နေသဖြင့် သူမ နှလုံးသားထဲမှ အပူမီးကို အတန်အသင့် ငြိမ်းအေးစေပါသည်။
"အစ်ကို ကျေးဇူးတင်ပါတယ်"
"အစ်ကို့ကို သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး"
ရှစ်ဖေးရှန့် ပြုံးပြီး လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်လေသည်။
ထို့နောက် ရှစ်ကျင်းသည် သူ့အဆောင်ဘက်ကို ပြန်သွားပြီး အစေခံများအား အပြင်ထွက်ခိုင်းသည်။ပြီးလျှင် စာအုပ်စင်ပေါ်မှ ပိဋကတ်သုံးပုံကျမ်းကို ယူပြီး ထပ်ခါထပ်ခါ ဖတ်သည်။ နာရီဝက်လောက်ကြာလျှင် သူ့လက်ထဲက စာအုပ်များကို စားပွဲပေါ်ပစ်ချလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်လေ၏။
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...