chapter 8

1.1K 135 1
                                    

Chapter 8
Ei Thet HmueApril 06, 2024
🫅

Chapter 8

( မှားတယ်)

“အိမ်မက်က မမှန်ဘူး ထင်တယ်"

"ကျွန်တော်လည်း မှန်တယ်လို့ မထင်ပါဘူး"

ပန်းမိသားစုမှ သားအဖသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်ကြသည်။ထို့နောက် ယင်းရှစ်၏ အဖြေကိုစောင့်ဆိုင်းနေကာ တစ်ပြိုင်နက်တည်း ခေါင်းကိုလှည့်လိုက်ကြသည်။

"ကျွန်မကို ဘာလို့ကြည့်နေတာလဲ...ကျွန်မလည်း ဘာတွေဖြစ်နေမှန်းမသိဘူး"

ယင်းရှစ်သည် ခဏမျှ အေးခဲသွားသည်။ သူမ ခဏလောက်စဉ်းစားကြည့်သော်လည်း အဖြေမထွက်သေးချေ။  ထို့ကြောင့် ပိုမိုကောင်းမွန်သော အဖြေထွက်လာမှာလည်း မဟုတ်သဖြင့်  ပန်းဟွာဘက်သို့ လှည့်ကာ

“ဟွာဟွာ၊ အဲဒါကို ပြန်စဉ်းစားကြည့်ပါဦး၊သမီး အိပ်မက်ထဲမှာ ကျွင်းမင်းသမီး အဖြစ် ရာထူးတိုးခံရတာမျိုး တစ်ကယ်မပါဘူးလား"

ပန်းဟွာက ခေါင်းခါလိုက်ပြီး

“ဟင့်အင်း၊ဒီလိုကောင်းတဲ့ကိစ္စကို သမီး မေ့မှာ မဟုတ်ဘူး”

"ဒါဆို အစ်မ အိမ်မက်က  မှားနေတာလား...ရှဲ့ချီလင်းရဲ့ မတော်တဆမှုဟာ တိုက်ဆိုင်မှုတစ်ခုသာဆိုရင်လည်း၊ တို့မိသားစုရဲ့ ရာထူးနဲ့ စည်းစိမ်ဥစ္စာကို ဧကရာဇ်က သိမ်းယူမှာမဟုတ်ဘူးထင်တယ်၊ ဒါတွေအားလုံးက အစ်မရဲ့စိတ်ကူးသက်သက်ဆိုရင်ကော"

ပန်းဟမ်သည် နောက်ထပ်ဖြစ်နိုင်ခြေကို ရုတ်တရက် တွေးလိုက်မိပြီး ဝင်ပြောလေသည်။

အိပ်မက်များ မက်ပြီး တစ်ကယ့်လက်တွေ့အဖြစ်တို့နှင့် တိုက်ဆိုင်လာတတ်သောအခါ။အိမ်မက်က အမှန်တရားနှင့်အမှားအကြားခွဲခြားရန် ခက်ခဲတတ်၏။တိုင်းပြည်အား တည်ထောင်သူဧကရာဇ်တို့သည် ပုန်ကန်ခြားနားမှုများ စတင်သောအခါ၊ သဘာဝလွန်ဆန်သော ဆက်ဆံရေးအချို့ကို တမင်လုပ်ကြံဖန်တီးထားတတ်သည်။ ဤတယဲ့မင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ်သည်လည်း ထိုကဲ့သို့ လှည့်စားမှုများ ပြုလုပ်ခဲ့သည်။သူက နတ်ဘုရားများနှင့် ဆက်ဆံရေးအချို့ ရှိခဲ့သည်ဟု ပြည်သူအချို့ ယုံကြည်ကြသော်လည်း၊သြဇာကြီးသော မိသားစုများကြားတွင် ၎င်းသည် သာမန်လူများအား အထင်ကြီးစေရန် တမင်ဖန်တီးထားသော ကောလဟာလများသာဖြစ်ကြောင်း သိကြသည်။

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now