Chapter 19
Ei Thet HmueApril 06, 2024
🫅Chapter 19
(ပေါက်ကရလေးဆယ် ပြောတတ်သော နယ်စားမင်း)
"အစ်မ"
ပန်းဟမ်သည် သူ့အား ပုံပြင်ပြောနေသော မိန်းကလေးကို တား၍ ပန်းဟွာ၏ အဆောင်ဆီသို့ ပြေးသွားလိုက်သည်။ထို့နောက် အစေခံ ဖျော်နေသည့်လက်ဖက်ရည်ကို ယူပြီး အနည်းငယ်သောက်လိုက်သည်။
"အဲ့ဒီလူကို ရှာတွေ့ပြီ"
ပန်းဟွာက လက်ကို ဝှေ့ယမ်းပြီး မသက်ဆိုင်သည့်လူများအားလုံးကို ထွက်သွားခွင့်ပေးလိုက်၏။ ထို့နောက် လက်ဖက်ရည် စားပွဲဘေးတွင်ထိုင်ကာ
"ဘယ်သူလဲ"
"ကျုံးဖျင်နယ်စားမင်းရဲ့ အကြီးဆုံးသား ရှဲ့ကျုံးကျင်း"
ပန်းဟမ်က ပြောဆိုပြီး လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သည်။
"သူက လွန်ခဲ့တဲ့ ၃ နှစ်က အမှတ်အများဆုံး စာမေးပွဲဖြေဆိုသူ ဖြစ်ခဲ့ပေမယ့် တခြားနေရာမှာ အလုပ်သွားလုပ်ခဲ့တာ၊ ရှဲ့ချီလင်း မျက်လုံးတစ်ဖက် ကွယ်လွန်ပြီးမှ မြို့တော်ကို ပြန်ပြောင်းလာခဲ့တယ်၊မနေ့ကမှ မြို့တော်ကို ရောက်လာရတာ၊အစ်မ ဘာလို့သူ့ကို စုံစမ်းခိုင်းတာလဲ"
ပန်းဟမ်က ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ပန်းဟွာကို သံသယအကြည့်ဖြင့် ရုတ်တရက်ကြည့်လိုက်သည်။
"သူက ရုပ်ရည်ချောမောတယ် ဆိုတာကိုတော့ အစ်မ ကြိုသိထားခဲ့တာလား... ဟုတ်တယ်မလား"
ပန်းဟွာသည် အချိုပွဲအား လှမ်းယူမည့် ပန်းဟမ်၏လက်ကို ရိုက်လိုက်သည်။
"နင် ပုံမှန် တွေးလို့မရဘူးလား၊နင် နင့်အစ်မကို ဘယ်လိုထင်လို့လဲ"
ပန်းဟမ် စိတ်ရှုပ်သွားရသည်။ ဒီလိုမဟုတ်ရင် ဘာဖြစ်မလဲ။
ပန်းဟွာ လက်များ ယားယံလာကာ ပန်းဟမ်၏ မျက်နှာကို ရိုက်ပစ်ချင်စိတ် ဖြစ်သွားသည်။ပြီးမှ သူမ လက်ထဲက လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်ရင်း
"ကျုံးဖျင် နယ်စားမင်းမိသားစုက ပုန်ကန်နိုင်ခြေ ရှိ၊မရှိ နင် ဘယ်လိုထင်လဲ"
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...