chapter 68

429 70 0
                                    

Chapter 68
Ei Thet HmueApril 23, 2024

Chapter.68

ပန်းဟွာနှင့် ရုံရှားတို့သည် ဒုက္ခသည်များဟု ဆိုထားသော အဆိုပါ သူတောင်းစားများကို မြို့တော်ထဲသို့ ခေါ်ဆောင်ကာ တရားရုံးချုပ်သို့ လွှဲပြောင်းပေးခဲ့သည်။

ထိုမှအပြန်တွင်....

ရုံရှားက ပန်းဟွာကို တောင်းပန်သလိုပြုံးပြီး "မင်းနဲ့ ခဏလောက် နေချင်ပေမယ့် ဒီလို အခြေအနေမျိုး ကြုံရမယ်လို့ မမျှော်လင့်ထားဘူး၊ခဏနေလည်း ကိုယ် နန်းတော်ကို သွားရဦးမှာ"

ပန်းဟွာက ခေါင်းညိတ်ပြပြီး "အလုပ်က ပိုအရေးကြီးတယ်၊ရှင် သင့်တော်သလို စီမံပါ"

ထို့ကြောင့် ရုံရှားက တုကျိုးဘက်လှည့်ကာမေးမြန်းလိုက်သည်။

"ချီပြည်နယ်တရားသူကြီးက ရှစ်မိသားစုထဲကလား"

တုကျိုးက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

"ချီပြည်နယ်ရဲ့တရားသူကြီးက မဒမ်ရှစ် ရဲ့တူပါ"

"ချီပြည်နယ်ရဲ့ စီရင်စုနယ် တရားသူကြီးဟာ တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ...ဒုက္ခသည်တွေ လွတ်မြောက်ဖို့ မလွယ်အောင် တလမ်းလုံး လိုက်ဖမ်းနေခဲ့တာဖြစ်မယ်...ဒီလူနည်းစုကပဲ မြို့တော်ကို  ထွက်ပြေးလွတ်မြောက်ခဲ့တာ၊ဒီလူတွေကို ဘယ်သူကာကွယ်ပေးထားသလဲဆိုတာ သွားရှာကြည့်စမ်းပါ"

ဒီလိုမှမဟုတ်ရင် ဒီမိသားစုတစ်ခုလုဲး ကလေးတွေရော၊လူကြီးတွေရော မြို့တော်ကို ဘယ်လိုအောင်မြင်အောင် လာနိုင်ခဲ့မလဲ...ထို့အပြင် မြင်းများ၊ ရွှေ၊ ငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကိုပင် ဆုံးရှုံးခဲ့ရသည်။ ယခုဆို ခရီးသွားခွင့်လက်မှတ်များသာ ကျန်ရှိတော့သည်။ ဒီလူတွေကို တစ်ယောက်ယောက်က အကြံဆင်ပြီး ပြင်ဆင်ထားသလား၊ ဒါမှမဟုတ် ပြည်နယ်ရဲ့အုပ်ချုပ်သူကို အကွက်ဆင်တိုင်ကြားဖို့ မြို့တော်ကို လာခိုင်းထားတာလား.....

ရုံရှားသည် သူ့မျက်လုံးများထဲမှ အေးစက်မှုကို ဖုံးကွယ်ထားလိုက်ကာ

"ပန်းဟွာ မင်း အခု နန်းတော်သွားသင့်တယ်၊ သူတို့ကို ကိုယ် ခေါ်လာခဲ့တာ၊ကိုယ်သာ ဘာမှမသိဟန်ဆောင်ပြီး နေလိုက်ရင် ဧကရာဇ်ကို ရှင်းပြလို့ မရဘဲနေမယ်...မင်း စိတ်မပူနဲ့၊ ကိုယ့်မှာ အစီအစဉ်တွေ ရှိတယ်"

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now