Chapter 64
Ei Thet HmueApril 22, 2024Chapter. 64
ခေါက်ဆွဲပြုတ်တစ်ပန်းကန်စားဖို့ ထွက်လာရင်း ယခုလို အတင်းအဖျင်းစကားများ ကြားရမည်ဟု ပန်းဟွာ မထင်မှတ်ထားပေ။ပြန်တွေးကြည့်ပါက၊ ရှဲ့ဝမ်ယွီသည် စေ့စပ်ကြောင်းလမ်းခြင်း သုံးကြိမ်တိုင်တိုင် ပြတ်တောက်ရသည့်သူမကို ဂြိုလ်ဆိုးမဟု ပြောဆိုကာ လှောင်ပြောင်ခဲ့၏။ ယနေ့လိုမျိုး ရှဲ့ဝမ်ယွီကိုယ်တ်ိုင်က တခြားသူများထံမှ အခြေအမြစ်မရှိဘဲ သတင်းမှားအပြောခံရမည့်နေ့ ရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
တစ်ဖက်ဝိုင်းမှ ပြောနေကြသည့် စကားသံများသည် သူမ၏ အဘွားဖြစ်သူအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ဆက်စပ်နေသောကြောင့် သူမ မျက်မှောင်ကြုတ်မိသည်။ မီးထဲသို့ လောင်စာထည့်ကာ တစ်စိတ်ကိုတစ်အိတ် လုပ်နေကြသူများပင်။
ရှဲ့ဝမ်ယွီ မွေးဖွားစဥ်က၊ ဆိုးရွားသော နိမိတ်တစ်ခုဖြစ်လာသည်ဟု ဆိုသည်။ရှဲ့ဝမ်ယွီ၏ မွေးသက္ကရာဇ်ကလည်း ကံဆိုးစေသည်ဟု ပြောနေကြသည်။တချိန်က ကျုံးဖျင်နယ်စားမင်း၏ ဇနီးသည် သူမကိုမွေးဖွားပြီးချင်း မီးတွင်းထဲမှာ သေဆုံးသွားခဲ့သည်။သူမ အသက် သုံးနှစ်တွင် အဘိုးနှင့်အဘွားတို့ ဆက်တိုက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။
သုံးနှစ်လေ.. သုံးရက် မဟုတ်ဘူး။ ရှဲ့ဝမ်ယွီနဲ့ ဘာဆိုင်လို့လဲ။
ပန်းဟွာ သူတို့အတွေးအခေါ်က လွဲချော်နေသည်ဟု ခံစားမိသည်။ နေရာတိုင်းတွင် သံသယဖြစ်ဖွယ်ဟာကွက်များရှိနေသော်လည်း၊အားလုံးက ထိုဟာကွက်များကို လျစ်လျူရှုထားသည်။
" ဧည့်သည်တော် ခင်ဗျာ...ခေါက်ဆွဲရပါပြီ"
ဆီမထည့်ခိုင်းသောကြောင့် မူလဟင်းရည်ကိုပင် မပြက်ဆင်ထားပေ။ စားဖိုမှူးသည် အနံ့ အရသာရှိပြီး ဆီနည်းသော ဟင်းရွက်ခေါက်ဆွဲ ပန်းကန်နှစ်လုံးကိုသာ အထူးပြင်ဆင်ထားခဲ့သည်။
ပန်းဟွာ ဟင်းရည်ကို မြည်းစမ်းကြည့်၏။ အရသာက သိပ်မကောင်းသော်လည်း၊ အိမ်မှာစားရသည့် ရေလုံပြုတ်များထက် မဆိုးပေ။ ဟင်းချိုကသာ အရေးကြီးဆုံးဖြစ်ကြောင်းကို သူမနားလည်သည်။ အသားစွပ်ပြုတ်မဟုတ်၍ ခေါက်ဆွဲအရသာ ပျက်မသွားအောင် ချက်ထားသည်ကပင် ချီးကျူးစရာကောင်းလှသည်။
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...