Chapter 6
Ei Thet HmueApril 06, 2024
🫅Chapter 6-
(ထက်မြက်သောမိန်းမပျို)
ပန်းဟွာနှင့် ပန်းဟမ်တို့သည် တညီတညွတ်တည်း လှည့်ကြည့်လိုက်ရာ အစောင့်နှစ်ယောက်နှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီး ငွေရောင်ဆံထိုးကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူပုံစံမှာ တောထဲက ထွက်လာပုံရသည်။
ပန်းဟွာသည် ဂေါ်ပြားကို ပန်းဟမ် လက်ထဲသို့ အေးဆေးတည်ငြိမ်စွာ ထည့်ပေးလိုက်ကာ မတ်တပ်ထရပ်ပြီး သူမ၏ဝတ်ရုံထောင့်ရှိ မြေမှုန်များကို ပွတ်သပ်ခါချလ်ိုက်သည်။ ရလဒ်အနေဖြင့် သူမ၏လက်ပေါ်ရှိ ဖုန်မှုန့်များ အချင်းချင်းပွတ်တိုက်မိသောကြောင့် ၀တ်ရုံသည် ပို၍ပို၍ညစ်ပတ်လာသည်။ သူမလည်း ၎င်းကို အရေးမစိုက်သလိုလုပ်၍ တစ်ဖက်လူဆီသို့ လျှောက်သွားကာ ဦးညွှတ်လိုက်သည်။
"နှုတ်ဆက်ပါတယ် ချမ်အမ်မြို့စားမင်း၊ကျွန်မရဲ့မောင်လေးနဲ့ကျွန်မက ရတနာလိုက်ရှာတဲ့ ဂိမ်းတစ်ခု ကစားနေကြတာပါ”
"ရတနာလိုက်ရှာတယ် ဟုတ်လား"
ရုံရှားသည် ဖုန်များပေကျံနေသည့် မောင်နှမနှစ်ယောက်ကို စိတ်ရှုပ်စွာ ကြည့်နေမိသည်။တစ်ကိုယ်လုံးလည်း ညစ်ပတ်ပေတူးနေတာကြောင့် သူတို့နှစ်ယောက်ဝတ်ဆင်ထားသည့် ဝတ်စုံများကသာ ဈေးကြီးသောပိတ်သားမျိုးသာမဟုတ်လျှင် အရာရှိတစ်ဦး၏ သားသမီးဟုပင်ထင်စရာမရှိချေ။
“ကျွန်မ မောင်လေးက မရင့်ကျက်ဘူးလေ၊သူက စာအုပ်တွေ ဖတ်ပြီး အဲ့ဒီ သူရဲကောင်းတွေလုပ်သလိုမျိုး လိုက်အတုခိုးပြီးလုပ်နေတာပါ"
ပန်းဟွာသည် ပါးစပ်ပိတ်ထားဆိုသည့် အကြည့်ဖြင့် ပန်းဟမ်ကို လှည့်ကြည့်လိုက်၏။
“ဥပမာ သူဆင်းရဲတစ်ယောက်က ရုတ်တရက်တောထဲက ငွေအိုးကြီးတစ်လုံးတွေ့ပြီး ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်သလိုမျိုးလေ"
ရုံရှား၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း မကြာမီ သူက ရယ်လိုက်သည်။ထို့နောက် လက်ကိုင်ပုဝါတစ်ထည်ကိုယူ၍ ပန်းဟွာအား ပေးလိုက်သည်။
YOU ARE READING
ငါ့လိုအမျိုးသမီးမျိုး
General FictionA girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူတို့သည် သူမအတွက် ခင်ပွန်းတစ်ယောက်ရှိစေချင်ကြသည်။ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စအား သုံးကြိမ်တိုင်တိုင်...