chapter 58

477 78 0
                                    

Chapter 58
April 21, 2024

Chapter.58

နောက်ဆုံးတွင် ပန်းမိသားစုသည် ရုံရှား နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။

ရုံရှား နှင့် ပန်းမိသားစုလေးယောက် အခန်းထဲမှာ တိတ်ဆိတ်စွာ ထိုင်နေကြသည်။တစ်ခန်းလုံးလည်း လက်ဆောင်များနှင့်ပြည့်နေပြီး တိတ်ဆိတ်နေ၏။

ပန်းဟမ်သည် တိတ်ဆိတ်မှုကြောင့် အနည်းငယ် အဆင်မပြေသလို ခံစားမိသည်။  ရုံရှားနှင့် သူ့မိသားစုများကို တစ်ချက်မှ မကြည့်ရဲလောက်အောင် အဆင်မပြေဖြစ်ရသည်။မြို့စားမင်းရုံက သူ့အစ်မကို စိတ်ဝင်စားနေသည်ဟု သူလည်း တွေးဖူးသည်။စိတ်ထဲက အလွန်အမင်း မယုံကြည်သော်ငြားလည်း စိတ်ထဲက နည်းနည်းလေး စဉ်းစားမိခဲ့သည်။

"ဦီးရီးတော်နဲ့ အရီးတော်"

ရုံရှားက ပန်းဟွိုက်နှင့် ယင်းရှစ်ကို တလေးတစား ဦးညွှတ်လိုက်သည်။

"ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်ရတယ်ဆို တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ"

ပန်းဟွိုက် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး တွေးလိုက်မိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့နှစ်ယောက် ဆုံတွေ့ကြသောအခါ၊ ရုံရှားသည် သူ့ကို နယ်စားမင်းဟုခေါ်ခဲ့သည်။ဒါပေမယ့် ဘယ်လောက်မှ မကြာသေးဘဲ အခု ဦီးရီးတော်ဖြစ်သွားပြီလား။ ယခင်ကဆို ရုံရှားအား အပြစ်မမြင်ခဲ့သော်လည်း ယခုမူ ယခင်လိုစိတ်မျိုး ထားနိုင်တော့မည်မထင်ချေ။

ရုံရှား၏ မျက်ခုံးများက စတိုင်ကျလွန်းသည်။ထိုမျက်ခုံးမျိုးရှိသူသည် စိတ်ဓာတ်မာကြောသည်ဟု ကြားဖူသည်။ သူ၏ မက်မွန်ပန်းပုံ မျက်လုံးတစ်စုံက မည်သည့်မိန်းကလေးကိုမဆို   80% မှ 90% အထိ အောင်မြင်စွာ ဆွဲဆောင်နိုင်ခြေရှိသည်။ သူ့နှုတ်ခမ်းများမှာလည်း ပါးပါးလေးဖြစ်ပြီး တိကျ‌သေသပ်သည်။အပြင်ပန်းက ဖြောင့်မတ်ရိုးသားသော လူအများစုသည် တစ်ကယ့်စိတ်ရင်းထဲမှာ သားသတ်သမားသလို ရက်စက်ကြမ်းကြုတ်တတ်ပြီး၊ ပညာရှိများသည်လည်း အတွင်းစိတ်၌ စိတ်သဘောထား သေးသိမ်ကြသည်ဟူ၍ ဆိုးရိုးစကားမျိုး ရှိခဲ့ဖူးသည်။

ငါ့လိုအမျိုးသမီးမျိုးWhere stories live. Discover now