"မင်းခန့်တို့ကလည်းကွာ..ဟိုအသေးလေးကိုပြောတာတွေ လွန်တယ်ကွာ သူများအားနည်းချက်ကို"
"ရှိုင်းထက် ယျောင့်မင်းခန့်ပြောတာ ဘာမှမလွန်ဘူး။ဟိုကတောင်ဘာမှမဖြစ်တာ မင်းက ဘာနာနေတာလည်း"
"ငါ့ဘာသာမင်းခန့်ကိုပြောနေတာ မင်းသွေးပိုင်။မင်းနဲ့သောက်စကားမများချင်ဘူး"
"ဘာလည်း။မင်းက ကြိုက်သွားလို့လား"
"ကြိုက်တော့ရော ီးဖြစ်လားကွာ"
မင်းသွေးပိုင်က ဆဲသလို ရှိုင်းထက်ကလည်း လက်ရွယ်နေတဲ့အခါ မင်းခန့်က
"တော်ကြတော့ကွာ...ဘာမှာမဟုတ်တာလေးနဲ့ ရန်ဖြစ်နေကြတယ်။မင်းတို့ကြောင့် ငါ့မမစီသွားဖို့ နောက်ကျနေပြီ အတန်းဘဲ ပြန်သွားတက်တော့မယ်"
.................................................................................
မင်းခန့်တို့သုံးသောက်သား ကိုယ့်အခန်းကိုယ် ပြန်လာကြတော့ sensei (ဆန်းစေးလို့ အသံထွက်ပါတယ်နော်)တောင်ရောက်နေပြီဖြစ်သည်။
"မင်းစံ၊ရှိုင်းစံ၊ပိုင်စံ သုံးယောက်လုံး အတန်းထဲဝင်ပြီး စာလုပ်နေမယ်မရှိဘူး။အတန်းစတာသုံးရက်ရှိပြီ အဲ့တာကို မင်းတို့က ဘယ်တော့မှ မမှီဘူး။စာလည်းသေချာလိုက်မလုပ်ဘူး ဂျပန်ကိုရောက်အုံးမယ် ဂျပန်ဆိုတာ အချိန်တိကျတဲ့နိုင်ငံကွ"
"ကျွန်တော်တို့ကလည်း တက်ချင်လို့တက်တာမဟုတ်ဘူး။ပျင်းလို့ နောက်ပြီး မမကလည်းတက်နေလို့။မမကို ဂျပန်လို ရည်းစားစကားပြောချင်လို့ လာတက်တာ"
"ဘာကြောင့်ပဲ တက်တက် ငါ့စီလာတက်ရင် ငါ့စည်းကမ်းတိုင်းနေ"
"Hai!!!"
သုံးယောက်လုံး ပြိုင်တူအသံထွက်လာတော့ စာအုပ်စီနေတဲ့ sensei တောင်လန့်သွားသည်။
"ကိုယ့်နေရာ ကိုယ်သွားထိုင်ကြတော့။ ဒီနေ့နယ်ကနေ လာတက်တဲ့ အသစ်လေးရှိတယ်မလား။ထပြီးနာမည်မိတ်ဆက်ပါအုံး"
sensei ကပြုံးပြီး ဆို၏။
"ဟုတ်..ဟုတ်။သား....သားနာမည်က ကောင်းထက်ယံပါဗျ"
ထက်စိတ်လှုပ်ရှားပြီး အသံတွေ တုန်နေ၏။
"မင်းကိုကောင်းစံလို့ ခေါ်မယ်။ဆရာ့ကို senseiလို့ခေါ်ပေါ့ မင်းကအသစ်ဆိုတော့ ဂျပန်လို ဆရာကို senseiလို့ခေါ်တယ်။senseiနာမည်က ဝေယံကျော်လို့ခေါ်တယ်။senseiဝေယံလို့ခေါ်လည်းရတယ်။အားလုံးအဲ့လိုပဲခေါ်ကြတာ"
"ဟုတ်..ဟုတ်ကဲ့ပါ ဆရာ။ အယ်မှားလို့ ဆန်း..ဆန်း"
"sensei ပါဆို ဒါလေးတောင်မခေါ်တတ်ဘူး။ဘယ်လိုဂျပုလည်းမသိဘူး"
ထက်sensei လို့ခေါ်ဖို့ လုပ်နေတုန်း ထွက်လာတဲ့ အသံတစ်သံ။
ဒီကလန့်ကုလားကတော့ လူကိုဂျပုပဲခေါ်နေတယ်။သူရှည်တိုင်း ကြည့်ကိုမရဘူး ပြန်မရဲလို့ပေါ့ ဟွန့်
"ဂျပုလေးဘာတွေပြောနေတာလည်း ပါးစပ်သေးသေးလေးတွေနဲ့"
"မင်းခန့်ရှိန်ဝါတော်တော့ ငါဆရာတစ်ယောက်လုံးရှိသေးတယ်။မင်းတို့ သုံးယောက်လုံးကလည်း စာတွေမမှီဘူး။ကောင်းစံကလည်းအခုမှလာတာဆိုတော့ နောက်ရက်သမီးလရိပ်နဲ့ ကျန်တဲ့စာတွေသင်ခိုင်းလိုက်မယ်။ကျန်တဲ့ဆရာတွေကလည်းမအားသေးဘူး သူ့ဘဲအားကိုးရမှာ သူကစာတော်တယ်"
"ကျွန်တော့်မမက အမြဲတော်တယ်။မမနဲ့စာသင်ရတော့မယ်"
"မင်းကိုစာသင်ခိုင်းတာနော် ဖွန်ကြောင်ဖို့မဟုတ်ဘူး"
"သိပါတယ် sensei ကလည်း"
"မင်းတို့သုံးကောင်လည်းသွားထိုင်တော့ ကိုယ့်ေနရာကိုယ်။ကောင်းစံလည်းထိုင်လို့ရပြီ sensei အကြာကြီးရပ်ခိုင်းထားမိပြီ။မင်းတို့ကိုအော်နေတာနဲ့ စာသင်ချိန်တော့ဘူး"
"ရပါတယ်ဗျ"ဟုထက်ကပြောသည်။
"ကျွန်တော်တို့လည်းသွားတော့မယ်ဗျ။ဟားဟား...တစ်ဗျဗျနဲ့ ရယ်ချင်စရာကြီးနော်ယျောင့်တွေ"
"အေးလေကွာ ဇွတ်ယဥ်ကျေးလေး"
"မင်းတို့အတွက်ပဲရယ်ချင်စရာ ငါ့အတွက်ကချစ်စရာလေး"
ရှိုင်းထက်နဲ့မင်းသွေးပိုင်ကဘgay ဆိုပြီး comeout လုပ်ထားတာ။ကျွန်တော်ကတော့ straight စစ်စစ် ရေမရောဘူး။အဲ့ကြောင့်မမကိုအသေရရအရှင်ရရ ဖြစ်နေတာပေါ့။ပြောရင်းမမနဲ့တွေ့ချင်လာပြီ အတူစာသင်ရတော့မယ်။ဟိုဂျပုမပါရင်ကောင်းမယ်။ယောကျာ်းလေးဖြစ်ပြီး ပုချက်။သေချာကြည့်မှ ငါထိုင်နေကျ နေရာမှ ဂျပုလေးထိုင်နေတာပဲ။
"ယျောင့် မင်းထိုင်နေတာငါ့နေရာကွ"
"ထက်မသိလို့ပါ နေရာတွေကလည်း လူပြည့်နေလို့"
"မသိရင်မေးပေါ့ အခုဖယ်"
"ဘယ်နေရာမှာထိုင်ရမလည်းမသိဘူး"ဟုထက်ပွစိပွစိပြောနေတုန်းရှိုင်းထက်က
"ကိုယ့်နေရာမှာ ထိုင်လိုက်လေ"
"ဗျာ"
.......................................
ကြိုးစားပြီးများအောင်တော့ရေးထားပါတယ်ဗျ။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း