Part 16(U)

14 2 8
                                    

"အန်တီ မင်းသွေးရော"

"မင်းသွေးကထွက်သွားတာကြာပြီလေသားရှိုင်းရဲ့ အန်တီကသားလာခေါ်လို့သွားတယ်ထင်နေတာ"

"မနေ့ကသား​သေချာမှာခဲ့တာကိုအတူသွားမယ်လို့"

"မင်းတို့သူငယ်ချင်းတွေအခုထိစိိတ်ကောက်မပြေသေးဘူးလား"

"မပြေသေးဘူးအန်တီ သားကအခုမှချော့မလို့အတူသွားမယ်ဆိုတာကိုမစောင့်ဘူး"

ဟိုကောင်မင်းခန့်ရောတက်မှာလားမသိဘူး သွားခေါ်ကြည့်မှ။

"ကြီးပု မင်းခန့်ရော"

"သားလေးမင်းခန့်က မနက်အစောကြီးထဲက အိမ်ကထွက်သွားတာ သားရဲ့"

"ဟုတ်လား သင်တန်းသွားတာလား"

"မသိပါဘူး ထက်"ထက်လေးကိုသွားချောနေမယ်

"သွားချော့တယ် သူတို့ပြဿနာဖြစ်ထားလို့လား"

"သားတို့မသိဘူးလား စိတ်ဆိုးပြီးသားထက်လေးတောင်အိမ်ကထွက်သွားတာ"

"ဗျာ အဲ့လောက်ထိတောင်ဖြစ်သွားတာလား"

"ဟုတ်ပါ့သားရေ ဒါနဲ့မင်းသွေးလေးရော"

"ဟို....သူနဲ့သားနဲ့ရန်ဖြစ်ထားတာ စိတ်ဆိုးနေတယ်သူ"

"ဟောတော် မင်းတို့ကလည်းဖြစ်တော့လည်းအကုန်ပါလား သမီးလရိပ်ရောလား"

"သူနဲ့ကဘယ်သူမှမဖြစ်ဘူး စွာလို့"

"ဟား.......ဟား....သမီးလေးကြားမှဖြင့်"

"အဲ့ဆိုကြီးပုသားသွားတော့မယ် သွေးလေးနဲ့လည်းစကားပြောစရာရှိလို့"

"အေအေ ဂရုစိုက်သား"

ဒေါ်ပုဒီကလေးတွေရဲ့စိတ်ထားလေးတွေကိုကြိုက်သည် ယနေ့အထိကိုယ့်အပေါ် အလုပ်ရှင်နဲ့အလုပ်သမားလိုမဆက်ဆံ။သူတို့အုပ်ထိန်းသူလို၊အမေလို၊အဒေါ်လိုအမြဲရိုရိုသေသေဆက်ဆံကြသည်။ဆရာတို့ကလည်းဘယ်တော့မှမာကြောပြီးမဆက်ဆံပါ။ဒီအိမ်မှာနေရတာဒေါ်ပုတကယ်လိုပျော်ပါသည်။ဒီကလေးတွေနဲ့လည်းသံယောဇဥ်ကိုဖြစ်လို့။

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now