Part 3 (U)

23 5 0
                                    

    ”ရှိုင်းထက် အဲ့တာမင်းနေရာဆ်ိုပေမဲ့၊ငါဘေးကြီးလေ”

    ”မင်းခန့် မင်းကဟိုဟာလည်း မဟုတ်၊ဒီဟာလည်းမဟုတ်နဲ့၊အဲ့ဆ်ိုသူကဘယ်မှာထိုင်ရမှာလည်း”

   ”ထားလိုက်၊ငါ့ဘေးသာထိုင်ခိုင်းလိုက်တော့၊ ဟ်ို ကောင်းထက်ယံမလား ငါ့ဘေးပဲလာထိုင်လိုက်တော့”

    ”ဟုတ်ကဲ့”

   ထက်တကယ်ကြောက်မိပါသည်။အဲ့လူကလည်း နာမည်တဲ့လိုက်ပါဘိ အထက်စီးဆန်နေချက်က။ဒီနေ့တော့စာခနပဲသင်ရသည်။သင်တာတွေပိုသိပ်နားမည်သလ်ို မရေးတတ်သေးပါ။sensei ပြောတဲ့မိန်းကလေး သင်ပေးတဲ့ချိန် သေချာလိုက်နားထောင်မှ။ကိုမင်းခန့်ရှိန်ဝါက ထက်နဲ့မသင်ချင်သလိုပဲ။သူတို့သုံးယောက်ထဲ က်ိုရှိုင်းထက်ကတော့ သဘောကောင်းမဲ့ပုံ၊နောက်တစ်ယောက်ကလည်း သိပ်မဆိုးပါဘူး။ဒီလူတစ်ယောက်ပဲ။YBSကလည်းစီးရအုံးမယ်။အဲ့တာကြီးထက်မစီးချင်ပါ၊ကြောက်တာလည်းပါတယ်။ခါးပိုက်နှိုက်ကလည်းပေါ၊လူကလည်းကြပ်။ထက်တို့အဆောင်ကလှည်းတန်းမှာ၊သင်တန်းက မြောက်ဒဂုံ အဝေးကြီးဘဲ။ဒီအချိန်ဆိုကားက ကြပ်မှာ ရုံးဆင်းချိန်လေ။ ထက် YBS စီးရမဲ့အရေးတွေးပြီးစိတ်ညစ်နေချိန်

     ”ယျောင့်တွေ ဟ်ိုမှာအသေးလေးကားစောင့်နေတယ်”

   ”သူ့ဘာသာစောင့်တာငါနဲ့ဘာဆိုင်လည်း”

   ”မဟုတ်ဘူးလေကွာ၊ဒီအချိန်ကားကကြပ်တယ်လေ၊သူ့ပုံစံကသေးသေးကွေးကွေးနဲ့ အခုမှရန်ကုန်လာတဲ့ပုံ၊လုပ်ပါကွာ နော်”

    မင်းသွေးက”ငါမင်းကိုကြည့်မရတော့ဘူးနော်”

     ”မင်းသွေးမင်းလည်းငါ့တို့နဲ့ယှဥ်ရင် ပုတာပဲ၊ပုတာချင်းတူတူ ကူညီလိုက်ပါ”

      မင်းသွေးစိတ်ထဲကနေ*မင်းပြောသလိုပုတာချင်း တူတာတောင် ငါ့ကြအမြဲရန်လိုနေတာမဟုတ်ဘူးလားလို့*ပြောလိုက်ချင်မိပါရဲ့

      ဟိုနှစ်ကောင်ပြောနေတာတွေက်ို မင်းခန့်နားထဲသိပ်မဝင်။ဖြူသေးလေးကိုကြည့်မိနေသည်။ဖြူဖြူသေးသေးလေး နှုတ်ခမ်းလေးကလည်းချစ်စရာ၊ပါးလေးနှစ်ဖက်ကလည်းအရောင်ခြယ်စရာမလိုပဲ ပူလို့ထင်ပါရဲ့ရဲနေသည်။ဘေးနေးရှိလို့ကတော့။ငါဘာတွေတွေးမိနေတာလည်း။

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now