”ငါသဘောတူတာပေါ့ အခုမှလာရလား အဘွားက နဂိုတည်းက ကြိတ်သဘောတူနေတာမြေးတ်ို့ကို”
”ဗျာ!!”
”သဘောတူတယ်ပြောနေတာက်ို ဘာတွေဗျာနေကြတာလည်း”
”သဘောမတူလောက်ဘူးထင်တာပေါ့လ်ို့ ဒယ်ဒီကရောဟင်”
”ဒယ်ဒီကတော့……သားတို့အခုပဲလက်ထပ်မလား”
”ဟာဗျာ ဒယ်ဒီကတော့နောက်ပြီ သားကအခုထဲကလက်ထပ်ချင်တာ၊ ဒီမှာ ဒယ်ဒီသမက်ပေါ့ ဂျပန်မှာအလုပ်သွားလုပ်ပြီး မိဘက်ိုရှာကျွေးချင်သေးလို့တဲ့”
”မှန်တာပေါ့ ဒယ်ဒီသမက်ကလိမ္မာလ်ိုက်တာ မိဘကိုသိတတ်တဲ့ကလေး ဘယ်တော့မှဆင်းရဲမှာမဟုတ်ဘူး အိမ်ကကောင်နဲ့များကွာပါ့”
”မောင်ကလည်း အန်ကယ့်ကုမ္ပဏီမှာ အလုပ်လုပ်ဖို့တဲ့ မောင်လည်းလိမ္မာပါတယ်”
”အခုထဲကမြေးလေးက မြေးက်ိုအထိမခံဘူးပဲ”
”ဘာအန်ကယ်တုန်းသားရဲ့ ဒယ်ဒီလို့ပဲခေါ်ပါ”
”ဟုတ်ကဲ့ ဒယ်ဒီ”
”ကဲကဲ မနက်စာစားကြစို့”
မင်းခန့်တို့မနက်စာစားပြီးတော့ ဒယ်ဒီက အလုပ်သွား၊ ဘွားဘွားကြီးကလည်း အပေါ်တက်သွားသည်။ဖြူသေးကတော့ အတန်းပျက်တုန်းကစာတွေကို လရိပ်ပြန်လာရှင်းပြမှာမို့ အဆင်သင့်လုပ်ထားနေသည်။မင်းခန့်ကတော့ မတတ်တော့။ လရိပ်ကလည်း N3 ပြီးတော့မည်ဖြစ်၍ JLPT ဖြေဖို့လုပ်နေသည်။
”လာကြပြီပဲ ငါကလရိပ်ပဲခေါ်တာ မင်းတို့နှစ်ကောင်က ဘာလို့ပါလာတာလည်း”
”လာနေကြက်ို အချစ်နဲ့သာယာနေတော့ ရှိုင်းတို့ကိုမေ့ပြီပေါ့ ဟွန့်”
”ဟဲ့ယျောင် ငရှိုင်းမင်းကွေးတာသိပေမဲ့ ဒီလောက်အခြေအနေဆိုးသွားမှန်းမသ်ိဘူး မင်းကပက်ကြားပါအပ်နေပြီပဲဟားးးဟားးးး”
”ဟီးဟီး....ခစ်...ခစ်”
”ဟီးဟီး...ဟားဟားဟား”
အသံပြန်ကြီးနဲ့ထရယ်သည်မှာ သူတို့အဖွဲ့ထဲက နှစ်ယောက်မရှိသည့် တစ်ယောက်ထဲသော မိန်းကလေးပင်ဖြစ်သည်။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း