Part 13(U)

12 2 2
                                    

      ”ခွပ်”

      မင်းသွေးရှိုင်းထက်၏မျက်နှာတည့်တည့်ကိုထိုးလိုက်မိသည်။

       ”မင်းနမ်းချင်တိုင်း နမ်းလို့ရတဲ့လူလို့ထင်မနေနဲ့”

       ”အဟက်!အဲ့လောက်ဖြစ်ပျက်နေစရာမလိုပါဘူး”

        ”ဖြစ်ပျက်ရမယ် မင်းမို့လို့ကို ပိုဖြစ်ပျက်တာ”

        ”ဘာ!”

        ”မကြားရင်ထက်ပြောမယ် မင်းမို့လို့ ဒီနေ့ကစပြီး ငါနဲ့ခပ်ကင်းကင်းနေ”

       ”ရတယ်လေ မင်းသဘောပဲ မင်းနဲ့ငါနဲ့ဒီမှာတင်ပြီးပြီ”

       ရှိုင်းကပြောပြီးလှည့်ထွက်သွားသည်။မင်းသွေးလည်းရှိုင်းရှေ့မှာ တင်းခံထားတဲ့ မျက်ရည်တွေတာကျိုးသလို ကျလာသည်။တကယ်ပဲ သူတို့တွေက ပြီးသွားပြီလား သူငယ်ချင်းလိုတောင်ဆက်မနေရတော့ဘူးလား။

        ”သား ရှိုင်းလေးနဲ့ ဘာဖြစ်တာလည်း”

        ”သူကသားတို့တွေဒီမှာတင်ပြီးပြီတဲ့ သားက.....သားက စိတ်ဆိုးပြီးပြောတာကို သူကတယ်ကြီး ​ထင်သွားတယ်မေမေရယ် အီးဟီး”

        ”သားရယ် ရှိုင်းလေးလည်းစိတ်ဆိုးလို့ပြောတာနေမှာပါ သားတို့ခင်လာတာအခုမှမဟုတ်တာ”

        ”မဟုတ်ဘူး အင့် သူက....သူကတကယ်ကြီးပြောသွားတာ အီးဟီးသားကြောက်တယ်”

         ”မေမေ့သားလေးမငိုနဲ့တော့နော် မေမေ​ပြောပေးရမလား”

        ”ရပါတယ်မေမေရယ် သူ့ကိုသားကြောင့်စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး အင့်”

        ”အင်းပါ သားသဘောပဲ တိတ်တော့နော် ခနေနားနေလိုက်နော် မေမေ့သားကလိမ္မာတယ်”

                                       ……………………

        မင်းခန့်လရိပ်ပြန်မလာသေး၍ လရိပ်အိမ်မှာထိုင်စောင့်နေတာဖြစ်သည်။ဒီဟာမလေး သူတို့တောင်ပြန်ရောက်ပြီ သူကပြန်မရောက်သေးဘူးဘယ်တွေခြေရှည်နေတာလည်းမသ်ိ။

         ”မသာ သေချင်းဇိုးတွေ ီးပဲချီးလိုကောင်တွေ$$$.............မိန်းကလေးကိုတစ်ယောက်ထဲထားခဲ့ကြတယ်။ငါ့မှာတော့ taxiနဲ့ပြန်လာရတယ် အဲ့လိုမှန်းသိရင် ကိုယ့်ကားကိုယ်ယူလာပါတယ်”

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now