ကလျာက ကိုကိုလို့လည်းခေါ်လိုက်ရော ကိုကို့ဘေးကတစ်ယောက်က နှုတ်ခမ်းအနည်းငယ် ဆူသွားသည်က ချစ်စရာကောင်းသည်မို့ ထပ်စချင်သည်။ အဲ့ပုတတ ချစ်စရာလေးနဲ့ ကိုကိုကဘယ်လိုပတ်သတ်မှုမျိုးပါလိမ့်။
ကိုကိုခေါ်တယ်ဆိုတာက ခေါ်ချင်လို့ခေါ်တာမျိုးမဟုတ်ပါ။ မင်းခန့်ရှိန်ဝါမကြိုက်လို့သာ တမင်ခေါ်တာ။ အဲ့ကောင်မင်းခန့်က သူ့ကိုမင်းခန့်လို့ပဲခေါ်စေချင်တာ။ ကိုကိုလို့ခေါ်ရင် သူ့ကိုယ်သူ အသက်ကြီးတယ်လို့ထင်ရသွားမယ်တဲ့။ ရည်းစားထားရင်တောင် သူ့ထက်အသက်ကြီးတဲ့သူဘဲထားမှာတဲ့။ အဲ့ကြောင့်မမလရိပ်ကိုတောင် ကလျာနဲ့ပြိုင်လုသေးတာ။ အခုရောဘယ်လိုလည်းမသိ အခုထိကြိုက်နေသေးရင်တော့ လုရအုံးမယ်။
မမကလည်းကလျာ့ကိုအမြင်ကြည်တာမဟုတ်။ သူထက်အရပ်ရှည်လို့တဲ့လေ။ တကယ့်ဟာလေး။ သူက top ချင်တာသူ့အရပ်နဲ့။ ကလျာနဲ့ဆိုသူအောက်ရောက်မှာကြောက်လို့တဲ့ ကလျာကိုဆိုအမြဲဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်နေတာ။အဲ့တာတွေထားပါ အရင်ဆုံးမင်းခန့်ဘေးက ကောင်လေးကစချင်စရာလေး။
ကလျာသူတို့နှစ်ယောက်ကြားထဲဝင်လိုက်ကာ မင်းခန့်လက်မင်းကိုဆွဲလိုက်ပြီး
”ကိုကိုသိလား ကလျာကလေ ရောက်ရောက်ချင်းကိုကိုဆီအရင်ဆုံးလာတာ အရမ်းလွမ်းနေလို့”
”နန်နန့်ငါ့လက်ကိုအရင်လွှတ်၊ ဘာကိုကိုလည်း ငါမကြိုက်ဘူးလို့ပြောထားတာကို”
”ကိုကိုကလည်း အရင်ကလည်းကိုကို့လက်ကိုဒီလိုချိတ်နေကြပဲကို ပြီးတော့ ကိုကိုပဲ ကိုကို့ကို ကိုကိုလို့ခေါ်ရင် ကိုကိုအရမ်းသဘောကျနေတာလေ။ ကလျာခေါ်ရင်ချစ်စရာလေးဆိုပြီး ခေါ်ခိုင်းနေပြီးတော့ ဒီနေ့မှဘာဖြစ်တာလည်းကိုကိုရဲ့”
ထက်အရှေ့ကနှစ်ယောက်ကိုကြည့်ရတာ မျက်စိဆံပင်မွှေးဆူးလာပြီဖြစ်သည်။ ဒီတစ်ယောက်ကဘယ်သူလည်း၊ ဘယ်ကလည်း၊ ဘာလို့မောင့်ကို တစ်ကိုကိုထဲ ကိုကိုနေတာလည်း။ နောက်ပြီးမောင်နဲ့ထက်ကြားဝင်ပြီး မောင့်လက်ကိုပိုင်စိုးပိုင်နင်းကိုင်နေတာ။ အသံကလည်းချွဲပစ်နေတာပဲ။ မောင်ကလည်းလွှတ်လို့သာပြောတာ ရုန်းတောင်မရုန်းဘူး ဟွန့်။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း