မင်းခန့်ကိုယ့်ကိိုယ်ကိုဒေါသထွက်မိပါသည်။နဂိုတည်းကသာကိုယ့်စိတ်ကိိုယ်သိခဲ့ရင်ဒီလိုမဖြစ်ဘူး၊အခုတော့ အကုန်ရှုတ်ကုန်ပြီ။ဟိုကောင်ရှိုင်းထက်စီသေချာအောင်ဖုန်းဆက်မေးရမည်၊သူတို့တကယ်ပဲနမ်းခဲ့တာလားလို့။ဖြူသေးကိုယုံပေမဲ့အဲ့ကောင်ကမယုံရ။မင်းသွေးလည်းအတော်လေးစိတ်ဆိုးကာဝမ်းနည်းသွားပုံပဲ။
ရှိင်းထက် မင်းသွေးနဲ့ပြဿနာဖြစ်ပြီးထဲက စိတ်အတော်ရှုတ်ထွေးနေသည်။သူအခုစိတ်ထဲဝမ်းနည်းသလိုခံစားချက်ကြီးနဲ့။မင်းသွေးနဲ့သူငယ်ချင်းတောင်လုပ်လို့မရတော့ဘူးလား။မင်းသွေးကဘာကိုစိတ်ဆိုးသွားတာလည်း ရှိုင်းထက်နားမလည်၊အခုထိလည်းအဖြေရှာမရ။ကိုယ်ရူးချင်လာပြီသွေးလေးရာ မင်းနဲ့ပတ်သက်ရင်ငါ့ကိုယ်ငါဘာဖြစ်ချင်မှန်းမသိဘူး။
”Ring.....Ring”
ရှိုင်းထက်အတွေးပင်လယ်ထဲမျောနေတုန်းဖုန်းဝင်လာသည်။ဖုန်း screenပေါ်ကြည့်လိုက်တော့ ပေါ်နေတဲ့contact nameကမင်းခန့်ဖြစ်နေသည်၊ဒီကောင်ဘာလို့ဒီချိန် ဖုန်းဆက်တာပါလည်း။
”Helloပြော”
”မင်းနဲ့ငါဒီတစ်သက်မကြေဘူး”
”ဟာဘလိုင်းကြီးပါလား ဟိုကောင်မင်းသွေးကလည်းဘာစ်ိတ်ဆိုးလို့ ဆိုးမှန်းမသိ၊ငါနဲ့အကြီးအကျယ်စကားများထားတယ် အခုမင်းကပါ ငါဘာစောက်ပြစ်တွေလုပ်ထားလို့လာစိတ်တိုပြနေတာလည်းမင်းတို့က”
”ကိုယ့်စောက်ပြစ်ကိုယ်မသိဘူးလား”
”ငါဘာစောက်ပြစ်မှမလုပ်ထားဘူး”
”မင်းဖြူသေးနဲ့ ကစားကွင်းမှာနမ်းနေကြတဲ့ကိစ္စရှင်း”
”ဘာ! ဘာပြောလိုက်တယ်”
”သူတောင်းစားရယ် ဖြေးဖြေးအော်ပါ”
”မင်းကမဟုတ်တာလာပြောနေတာလေ ငါတို့က ဘာကိစ္စနမ်းရမှာလည်း”
”အော်မနမ်းဘူးပေါ့ အဲ့ဆိုမင်းတို့နှစ်ယောက်ဘာလို့နမ်းနေတဲ့ပုံဖြစ်နေတာလည်း”
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း