”သားနိုးပြီလား၊ဒယ်ဒီနဲ့အောက်မှာ မနက်စာသွားစားကြမယ်။မင်းဖွားဖွားကြီးရော”
”ဟုတ်သားဖွားဖွားကြီးကို ခေါ်ပြီးဆင်းခဲ့မယ်ဒယ်ဒီ”
ဦးမြတ်ရှိန်ဝါတစ်ယောက်အောက်ဆင်းလာခဲ့သည်။အောက်ရောက်တော့ဒေါ်ပုဘေးက ဖြူဖြူသေးသေးလေးက သားပြောတဲ့တစ်ယောက်ဖြစ်မည်။
”မောင်မြတ်ရှိန်ဝါ ကော်ဖီထည့်ပေးရတော့မလား”
”နေနေဒေါ်ပု အမေနဲ့သားလာမှတစ်ခါထဲထည့်။ဟိုဖြူသေး…”
”ဒယ်ဒီ!”
မင်းခန့်၏အော်သံက ကျယ်လောင်စွာထွက်လာသည်။
” မြေးရယ်ဘာထဖြစ်တာတုန်း ဘွားဖြင့်ရင်တောင်တုန်သွားတယ်”
”သားရယ် ဒယ်ဒီလည်းလန့်သွားတယ်။ဘာလို့ဒယ်ဒီ့ကိုအော်ခေါ်တာတုန်း”
”ဘာလို့ဖြူသေးကိုဖြူသေးလို့ခေါ်တာလည်း”
”ဖြူဖြူသေးသေးလေးမို့ခေါ်တာလေ”
”သူ့မှာနာမည်ရှိတယ် ကောင်းထက်ယံတဲ့၊ဖြူသေးကသားပဲခေါ်မှာ”
”အမလေး”
”ဖွားဖွားကြီးနော် ဘာဖြစ်တာလည်း”
သူစိတ်ဆိုးသလိုပြောတော့ဖွားဖွားကြီးကသဘောတကျရယ်လေသည်။
”ဒီကမြေးလေးလည်းဒီအိမ်ကို ကိုယ့်အိမ်လိုပဲသဘောထားနော်”
”ဟုတ်ကဲ့အဖွား”
”အန်ကယ်နာမည်ကိုလည်းမှတ်ထားနော် ဦးမြတ်ရှိန်ဝါတဲ့”
ထက်စဥ်းစားမိသည်။ဒီအိမ်ကလူတွေနာမည်က သိပ်ခမ်းနားလွန်းသည် အဖွားနာမည်က ဒေါ်မြတ်ဧကရီ၊အန်ကယ် နာမည်က ဦးမြတ်ရှိန်ဝါ၊ရှိန် နာမည်က မင်းခန့်ရှိန်ဝါ။သိပ်ကိုအရှိန်အဝါတွေနဲ့ပြည့်နေတဲ့နာမည်တွေ။
”ဒီကော်ဖီကိုဘယ်သူဖျော်တာလည်း”
”ဟိုမကောင်းလို့လားဟင် ထက်ဖျော်ထားတာပါ”
”ကောင်းလို့လေကွာ နောက်နေ့ကစပြီး မင်းပဲဖျော် မင်းဖျော်တာပဲသောက်တော့မယ်”
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း