အမှန်တော့ရှိုင်းနဲ့ထက် နမ်းနေတာမဟုတ်ပဲ ထက်မျက်လုံးထဲ ဖုန်ဝင်နေခြင်းကြောင့် လုပ်ပေးနေခြင်းသာ။
”ငါ့လက်ကိုလွှတ်နော် ရှိုင်းထက်”
”မလွှတ်ဘူး မင်းဘာဖြစ်နေတာလည်း”
”ငါ့ကိုလွှတ်ငါပြန်မယ်”
”အဲ့ဆိုအတူပြန်မယ်”
”မင်းနဲ့မပြန်ဘူး အင့်”
”ဟာကွာ ဘာလို့ငိုနေတာလည်း”
”ငါ့မျက်လုံးနဲ့ငါငိုတာ မင်းနဲ့ဘာဆိုင်လည်း”
”မငိုနဲ့မကြိုက်ဘူး”
မင်းသွေး ရှိုင်းထက်ကို ဘာမှပြောချင်စိတ်မရှိတော့ပါ။တွေ့တဲ့ taxi သာတားလိုက်သည်။
”ငါ့ကိုလွှတ် ပြန်မို့”
”မင်းကို ငါနဲ့အတူပြန်ဖို့ပြောနေတာ နားမပါဘူးလားမင်းသွေးပိုင်”
”မင်းကိုရွံ့တယ် လွှတ်ငါနဲ့ လာမပတ်သက်နဲ့ မင်းနဲ့ငါသူငယ်ချင်းမဟုတ်တော့ဘူး”
”ဘာ!”
”ဦးလေးမြန်မြန်မောင်းပေးပါ”
”ဟာကွာ တောက်ခ်”
ရှိုင်းထက်အဲ့နေရာမှာပဲဒေါသထွက်ပြီးကျန်ခဲ့တော့သည်။သွေးလေးကဘာဖြစ်သွားမှန်းမသိပါ။တစ်ခါမှသူ့ကိုဒီလိုမဆက်ဆံဖူးတာကို။
……………………………
”ထက်ကိုလွှတ်ပါတော့ လက်နာနေပြီ”
ထက်လက်ကိုအတင်းဆွဲပြီး ထွက်လာတာကြောင့် ထက်လက်အရမ်းနာနေပြီ။ဘာတွေဖြစ်နေကြမှန်းနားမလည်တော့။
”မင်းပါးစပ်ကိုပိတ်ထား”
”အဲ့ဆိုလည်းလွှတ် အင့်”
”စောက်ပါးစပ်ကိုပိတ်ထားလို့ငါပြောနေတယ်မလား ကားပေါ်တက်”
ထက်ကိုကားထဲအတင်းထိုးထည့်ကာ ကားတံခါးကိုလည်းအရှိန်ပြင်းပြင်းဖြင့်ပိတ်ပြစ်သည်။ကားကိုလည်းအကြမ်းပတမ်းမောင်းချသွားသည်။အိမ်ရောက်တော့လည်း ထက်လက်ကို ဆွဲအတင်းဆွဲပြီး အခန်းထဲသို့ဆွဲခေါ်လာသည်။သူ့ဆန္ဒတိုင်းအရာရာလုပ်နေတာ။သူ့အိမ်မှာနေတော့လည်း ထက်ကဘာပြောရတော့မှာလည်း။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း